DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင်ရဲတိုက်အမှု တရားလိုဒုရဲမှူးက ဥပဒေနှင့်မညီသည့် သက်သေတင်သွင်း
DVB
·
June 15, 2021
သရုပ်ဆောင်ရဲတိုက်အမှု တရားလိုဒုရဲမှူးက ဥပဒေနှင့်မညီသည့် သက်သေတင်သွင်း
Donate to DVB

ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲခံထားရတဲ့ သရုပ်ဆောင်ရဲတိုက်အမှုမှာ တရားလို ဒုရဲမှူးက ဥပဒေနဲ့မညီတဲ့သက်သေတင်သွင်းခဲ့တဲ့အတွက်  ရဲတိုက်ရဲ့ရှေ့နေက ကန့်ကွက်ခဲ့ပါတယ်။

သရုပ်ဆောင်ရဲတိုက်အမှုအတွက် တရားလို လသာရဲစခန်းမှူး ဒုရဲမှူး အေးလွင်ကို အင်းစိန်ထောင်တွင်းတရားရုံးမှာ ဇွန်လ ၁၅ ရက် ဒီကနေ့  ဆက်လက်စစ်ဆေးခဲ့ပြီး တရားလိုက ဥပဒေနဲ့မညီတဲ့ သက်သေစီဒီတစ်ချပ်တင်သွင်းခဲ့တယ်လို့ ရဲတိုက်ရဲ့ရှေ့နေ၊ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

ဥပဒေနဲ့မညီတဲ့ သက်သေစီဒီတင်သွင်းတာကို ရဲတိုက်ရဲ့ရှေ့နေက ကန့်ကွက်ထားပြီး ဇွန်လ ၁၅ ရက်နေ့ရုံးချိန်းမှာ နှစ်ဖက် လျှောက်လဲချက်ပေးခဲ့ပါတယ်။ တရားလိုတင်သွင်းတဲ့ စီဒီချပ်ကို သက်သေခံအဖြစ် တရားရုံးက လက်သင့်ခံမခံဆိုတာကို ဇွန်လ ၂၂ရက်နေ့ရုံးချိန်းမှာ ကြားဖြတ်အမိန့်ချဖို့ ရှိပါတယ်။

"ကန့်ကွက်တယ်ဆိုတာက သက်သေခံဥပဒေအရ တင်တဲ့စီဒီချပ်သည် ဒုတိယအဆင့်တင်တဲ့ သက်သေခံချက်ဖြစ်တယ်။ အဲ့ဒါက မူရင်းနဲ့တိုက်ဆိုင်စစ်ဆေးပြီးမှ သက်သေအဖြစ်လက်ခံလို့ရတယ်။ အဲ့လိုတင်သွင်းနိုင်ဖို့က ကိုရဲတိုက်ရဲ့ဖုန်းကို သိမ်းဆည်းခဲ့ရမယ်။ အဲ့ဖုန်းထဲမှာလည်း စီဒီကနေကူးယူထားတဲ့အကြောင်းအရာတွေရှိရမယ်။ အဲ့ဒါကို ရုံးမှာ ဖွင့်ကြည့် တိုက်ဆိုင်စစ်ဆေးပြီးတဲ့အခါ ကြမှဘဲ ဒုတိယအဆင့်သက်သေခံချက်အဖြစ် လက်ခံလို့ရတယ်လို့ ဥပဒေက ပြဋ္ဌာန်းထားတယ်။ အခုက ကိုရဲတိုက်ရဲ့ဖုန်းကိုလည်းသိမ်းမထားဘူး။ သိမ်းမထားတဲ့အတွက် ဖုန်းထဲကအကြောင်းအရာကို စီဒီထဲ ကူးယူစရာအကြောင်းလည်းမရှိဘူး။ သူတို့ပြောတဲ့အကြောင်းအရာကို ကိုရဲတိုက်က ဖေ့စ်ဘွတ်ခ်ပေါ်တင်ထားတာလည်း မရှိဘူး။ ပြောမယ်ဆိုရင်ကိုရဲတိုက်က ဖေ့စ်ဘွတ်ခ်မသုံးဘူး။ ဒါကြောင့် ကျနော်တို့ ကန့်ကွက်ထားတယ်။ ဥပဒေနဲ့မညီလို့ ကန့်ကွက်တာပါ" လို့ ဥပဒေအကြံပေးဦးခင်မောင်မြင့်ကပြောပါတယ်။

သရုပ်ဆောင်ရဲတိုက်ကို လသာမြို့မရဲစခန်းက ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုပြီး မရမ်းကုန်းမြို့မရဲစခန်းက မူးယစ်ပုဒ်မ ၁၆(ဂ) နဲ့တရားစွဲဆိုထားတာပါ။

သရုပ်ဆောင်ရဲတိုက်ကို အင်းစိန်ထောင် သီးသန့်ဆောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။ ရဲတိုက်ကို အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာ စစ်ဆေးနေတာဖြစ်ပြီး လသာမှာစွဲထားတဲ့ ၅၀၅(က)အမှုအတွက် ဇွန်လ ၂၂ရက်နေ့ မှာရုံးချိန်းပြန်ခေါ်ပြီး မရမ်းကုန်းမှာစွဲထားတဲ့ မူးယစ်အမှုအတွက် ဇွန်လ ၁၇ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ထားပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013