DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၇၇ သန်းကျော်၊ သိန်းချီသေဆုံးသည့် နိုင်ငံ ၉ နိုင်ငံရှိလာ
DVB
·
June 15, 2021
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၇၇ သန်းကျော်၊ သိန်းချီသေဆုံးသည့် နိုင်ငံ ၉ နိုင်ငံရှိလာ
Donate to DVB

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၁၇၇ သန်းကျော် ရှိလာခဲ့ပြီဖြစ်ပြီး သိန်းနဲ့ချီ သေဆုံးတဲ့ နိုင်ငံပေါင်း ၉ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက သေဆုံးသူ ၆ သိန်းကျော်၊ ကူးစက်ခံ ရသူ ၃၄သန်းကျော်ရှိနေပြီး သူ့နောက်မှာတော့ ဘရာဇီးနိုင်ငံက သေဆုံးသူ ၄ သိန်း ၈ သောင်းကျော်၊ ကူးစက်ခံရသူ ၁၇ ဒသမ ၄ သန်းကျော်နဲ့ သေဆုံးမှုအမြင့်ဆုံး နိုင်ငံတွေအနေနဲ့ ရှိနေတာ ဖြစ်ပါတယ်။

တတိယနေရာမှာတော့ အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃ သိန်း ၇ သောင်းကျော်၊ ကူးစက်ခံရသူ ၂၉ ဒသမ ၅ သန်း ကျော်နဲ့ ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ မက္ကဆီကို၊ ပီရူး၊ ယူကေ၊ အီတလီ၊ ရုရှားနဲ့ ပြင်သစ် နိုင်ငံ တွေမှာပါ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ သိန်းချီရှိလာတာကြောင့် သိန်းချီသေဆုံးတဲ့ နိုင်ငံပေါင်း ၉ နိုင်ငံ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံ ပေါင်းကတော့ ၂၈ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထား ပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအ တွက်ကတော့ ၃ ဒသမ ၈ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူ စုစု ပေါင်း ကတော့ ၁၆၁ ဒသမ ၂ သန်းကျော် ရှိနေပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်း ၁ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံ အလိုက် အမှတ်စဉ် ၉၉ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါသန်းချီ ကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အီရတ်နိုင်ငံတွေပြီးရင် ပါကစ္စတန်နိုင်ငံက ရောဂါကူးစက်ခံရသူ ၉ သိန်းကျော်၊ အစ္စရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ က ရောဂါကူးစက်ခံရသူ ၈ သိန်းကျော်၊ ဂျပန်နဲ့ ဂျော်ဒန်နိုင်ငံတွေက ၇ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၅,၈၂၆ ယောက်၊ သေဆုံးသူ ၃,၂၄၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၃၂,၉၆၉ ယောက်ရှိနေပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအ များဆုံး ထိပ်တန်းနိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၆ သိန်း ၆ သောင်းကျော်နဲ့ သေဆုံးသူ ၃,၉၆၈ ယောက် ရှိပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂ သိန်းကျော်နဲ့ သေဆုံးသူ ၁,၄၈၅ ယောက် ရှိနေပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆၂,၀၀၀ ကျော်နဲ့ သေ ဆုံးသူအရေအတွက် ၃၄ ယောက်ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၉,၀၀၀  ကျော်နဲ့ သေဆုံးသူ ၃၆၁ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၀,၀၀၀ ကျော်နဲ့ သေဆုံးသူအရေအတွက် ၅၉ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၄၈ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေ တာပါ။

လာအိုနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၂,၀၀၀ ကျေိာ်နဲ့ သေဆုံးလူနာ ၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013