DVB Logo
Home
Lead Story
အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် ဒေါ်လာ ၃၅ သန်းသုံးမည်
DVB
·
November 25, 2013
အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် ဒေါ်လာ ၃၅ သန်းသုံးမည်
Donate to DVB

အာဆီယံ ထိပ်သီးအစည်းအဝေး နှစ်ရပ်အတွက် ကျပ်ငွေ ၃၃ ဘီလီယံကျော်၊ အမေရိကန် ဒေါ်လာနဲ့ဆို ဒေါ်လာ ၃၅ သန်းနီးပါး သုံးစွဲသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ အာဆီယံရေးရာဦးစီးဌာန ဒုညွှန်ချုပ် ဦးအောင်ထူးက ပြောပါတယ်။

asean_25th_summit_1_bigနိုဝင်ဘာ ၂၂ ရက်က ရန်ကုန်ကုန်သည်နဲ့ စက်မှုအသင်း ရုံးချုပ်အဆောက်အဦမှာ ကျင်းပတဲ့ အာဆီယံ စကားဝိုင်းအစီအစဉ်မှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပြီး အဲဒီငွေကို သမ္မတရုံး ဘတ်ဂျက်ကနေ ကျခံသုံးစွဲသွားမယ်လို့ ပြောပါတယ်။

အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့အခါ မြန်မာနိုင်ငံမှာ အစည်းအဝေး စုစုပေါင်း ၃၀၀နဲ့ ၅၀၀ အကြား လက်ခံ ကျင်းပပေးဖို့ ရှိပြီး အာဆီယံ ချာတာအရ ထိပ်သီးအစည်းအဝေးက ၁ နှစ် ၂ ကြိမ် ရှိကြောင်း သူက ရှင်းပြပါတယ်။

ထိပ်သီးအစည်းအဝေးအတွက် ကုန်ကျစရိတ်ကို အာဆီယံရဲ့ လက်ရှိ ဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံက ကျခံရမှာ ဖြစ်ပေမယ့် အစည်းအဝေး အသေးလေးတွေအတွက်ကတော့ ဘယ်သူ ကုန်ကျခံမယ် ဆိုတာ မပြောနိုင်သေးကြောင်း ဦးအောင်ထူးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013