DVB Logo
Home
Lead Story
ယမကာ ထုတ်လုပ်သူ အသင်းဖွဲ့မည်
DVB
·
November 25, 2013
ယမကာ ထုတ်လုပ်သူ အသင်းဖွဲ့မည်
Donate to DVB

ပြည်တွင်းက နာမည်ကြီး ယမကာထုတ်လုပ်သူတွေ ပူးပေါင်းပြီး ယမကာ ထုတ်လုပ်သူ
လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းသွားမယ်လို့ အသင်းဖြစ်မြောက်ရေး ကော်မတီရဲ့ အတွင်းရေးမှူး ဦးဌေးလွင်က ပြောပါတယ်။

Alcoholနိုဝင်ဘာ ၂၃ ရန်ကုန် ဆမ်းမစ်ပတ်ဗျူးဟိုတယ်ရှေ့ မိုင်ဂါးဒင်း စားသောက်ဆိုင်မှာ ကျင်းပတဲ့ အသင်းဖြစ်မြောက်ရေး အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အသင်းကို ပြည်တွင်းဖြစ် ဘီယာ၊ အရက်နဲ့ ၀ိုင်သောက်သုံးသူ ပြည်သူတွေ ဘေးထွက်ဆိုးကျိုး နည်းဖို့နဲ့ အရက်ချက်စက်ရုံတွေက ထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်အောင် ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့သွားမှာလို့ သူက ပြောပါတယ်။

လောလောဆယ် ယာယီအသင်းကို ထုတ်လုပ်သူ လုပ်ငန်းရှင် ၃၈ ဦးနဲ့ ဖွဲ့စည်းထားပြီး အမှုဆောင် ၁၆ ယောက်ကိုလည်း ရွေးချယ်ထားပြီး ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ဒီအသင်းထဲမှာ ပြည်တွင်း အင်အားကြီးကုမ္ပဏီတွေ ဖြစ်တဲ့ အိုင်ဘီတီစီ(IBTC) နဲ့ Grand Master ကုမ္ပဏီတွေလည်း ပါဝင်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013