DVB Logo
Home
Lead Story
မီဒီယာ Complex ဆောက်ဖို့ တင်ဒါ ခေါ်မည်
DVB
·
November 25, 2013
မီဒီယာ Complex ဆောက်ဖို့ တင်ဒါ ခေါ်မည်
1 / 2
Donate to DVB

ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနဟာ အနာလော့ဂ်စနစ်ကနေ ဒီဂျစ်တယ်စနစ် ပြောင်းရာမှာ အသုံးပြုဖို့အတွက် ပြည်လမ်း မြန်မာ့ အသံဝင်းထဲမှာ Media Complex ၁ လုံးဆောက်ဖို့ တင်ဒါခေါ်ယူသွားမယ်လို့ မြန်မာ့ရုပ်သံ ဌာနရဲ့ ညွှန်မှူး ဦးမြင့်အောင်က ပြောပါတယ်။

PricewaterhouseCoopersနိုဝင်ဘာ ၂၄ ရက် ရန်ကုန် သိမ်ဖြူလမ်း ဗဟို ပုံနှိပ်ဝင်း အဆောက်အဦမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောလိုက်တာ ဖြစ်ပြီး ဒီ စီမံကိန်းပရောဂျက်ဟာ ကြီးလွန်းတဲ့အတွက် လန်ဒန်အခြေစိုက် Pricewaterhouse Coorpers (PwC)ကို အကြံပေးအဖြစ် ငှားရမ်းပြီး လေလံလုပ်ငန်းတွေ လုပ်ကိုင်သွားမယ်လို့ ပြောပါတယ်။

တင်ဒါအောင်တဲ့ ပြည်တွင်း ဒါမှမဟုတ် ပြည်ပ မီဒီယာကုမ္ပဏီဟာ မြန်မာ့ရုပ်သံပိုင် မြေ ၂ ဧက ကို နှစ်ရှည်ငှားရမ်း လုပ်ကိုင်ခွင့်ရမှာ ဖြစ်ပြီး အဲဒီအတွက် မြန်မာ့ရုပ်သံအတွက် အထပ်မြင့် တာဝါ ၂ ခု တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။

လောလောဆယ် မြန်မာ့ရုပ်မြင်သံကြားပိုင် အဲဒီဝင်းကြီးနဲ့ အဆောက်အဦတွေမှာ စကိုင်းနက်ကုမ္ပဏီနဲ့ ဖော်အဲဗားဂရုဖ်တို့ လုပ်ငန်းလုပ်ကိုင်ခွင့်တွေ ရရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013