DVB Logo
Home
Lead Story
လက်ပံတောင်းတောင်အရေး လှုပ်ရှားသူ ၆ ဦးကို မြို့နယ် ၃ မြို့နယ်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လ ပူးတွဲ ချမှတ်
DVB
·
November 25, 2013
လက်ပံတောင်းတောင်အရေး လှုပ်ရှားသူ ၆ ဦးကို မြို့နယ် ၃ မြို့နယ်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လ ပူးတွဲ ချမှတ်
Donate to DVB

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြသံဃာတွေကို  အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ ဆန္ဒပြခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူ ၆ ဦးကို ပြီးခဲ့တဲ့သတင်းပတ်က  ချမှတ်ထားတဲ့ ထောင်ဒဏ် ၁ လ ပြစ်ဒဏ်နဲ့  ပူးတွဲ တပေါင်းထဲ ကျခံဖို့   စမ်းချောင်းမြို့နယ် တရားရုံးက  အောက်တိုဘာ ၂၅ ရက် မနက်က  အမိန့်ချမှတ်လိုက်ပါတယ်။

4aဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ  ခေါင်းဆောင် ကိုဒီငြိမ်းလင်း၊ ကိုအောင်မျိုးဦး၊ ကိုမြင့်ကျော်ဦး၊ သူကြီး (ခေါ်) ကိုစိုးမိုးထွန်း၊ မသန္တာနဲ့  မျိုးဆက်သစ်လူငယ်များအဖွဲ့က ကိုမိုးဃ်သွေးတို့ ၆ ဦးကို ကြည့်မြင်တိုင်၊  စမ်းချောင်းနဲ့ အလုံမြို့နယ်တရားရုံးတွေက ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပြီး ကြည့်မြင်တိုင် တရားရုံးက  နိုဝင်ဘာ ၂၁ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လ ချမှတ်ထားတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့  မှာ အလုံမြို့နယ်တရားရုံးနဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ စမ်းချောင်းမြို့နယ် တရားရုံးက  ဒီအမှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ် စီရင်ချက်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
မြို့နယ် ၃ မြို့နယ်က ပူးတွဲ ထောင်ဒဏ်တွေ ချမှတ်လိုက်ပေမယ့် စုစုပေါင်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လ ကျခံရမှာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013