DVB Logo
Home
မြန်မာသတင်း
အလုပ်သမားနဲ့အလုပ်ရှင် ပဋိပက္ခတွေမှာ ဖျန်ဖြေရေးအဖွဲ့တွေရဲ့ အခန်းကဏ္ဍ အရေးကြီးကြောင်း သတ္တုတွင်းဝန်ကြီး ပြောဆို
DVB
·
November 24, 2013
အလုပ်သမားနဲ့အလုပ်ရှင် ပဋိပက္ခတွေမှာ ဖျန်ဖြေရေးအဖွဲ့တွေရဲ့ အခန်းကဏ္ဍ အရေးကြီးကြောင်း သတ္တုတွင်းဝန်ကြီး ပြောဆို
Donate to DVB

အလုပ်သမားနဲ့ အလုပ်ရှင်တွေရဲ့ ပဋိပက္ခတွေမှာ မြို့နယ်ဖျန်ဖြေရေးအဖွဲ့တွေရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်လို့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားခဲ့ပါတယ်။

vlcsnap-00004မန္တလေးမြို့ နဒီမြန်မာဟိုတယ်မှာ နိုဝင်ဘာ ၂၃ ရက်နေ့က ကျင်းပတဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲနဲ့ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးသန်းစိုးမြင့် “အလုပ်ရှင်နဲ့ အလုပ်သမားကြားထဲက ပြဿနာတွေကို အခု ကျနော်တို့ မြို့နယ် ဖျန်ဖြေရေးအဖွဲ့များ၊ တိုင်းခုံသမာဓိအဖွဲ့များနဲ့ ခုံသမာဓိကောင်စီများက သူတို့ဆီမှာ  ဥပဒေနဲ့အညီ ဖြေရှင်းပေးနေတာ ကျနော် လေ့လာ တွေ့ ရှိရပါတယ်။ မြို့နယ်ဖျန်ဖြေရေးအဖွဲ့များရဲ့ အခန်းကဏ္ဍက အလွန်ပဲ အရေးကြီးပါတယ်။ ကျနော်တို့ တရားရုံးအနေနဲ့ ပြောမယ်ဆိုရင်တော့ မြို့နယ်သည် အခြေခံအကျဆုံး ဖြစ်ပါတယ်။  မြို့နယ်က စပြီး အယူခံတက်တဲ့အခါမှာ တိုင်းသမာဓိ၊ ကော်မတီ ပြီးတော့မှ ခုံသမာဓိ ဆိုပြီးတော့ ကျနော်တို့ ဥပဒေစကားနဲ့ ပြောရရင်တော့ ဆီမီးကုတ်ပေါ့။”လို့ ပြောပါတယ်။

ဒီနှီးနှောဖလှယ်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တွေက  ခုံသမာဓိ အဖွဲ့တွေနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက  မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေး အဖွဲ့တွေ တက်ရောက် လာပါတယ်။

အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းနဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးသန်းစိုးမြင့်တို့ တက်ရောက်ပြီး အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေပါ အချက်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အလုပ်သမားနဲ့ အလုပ်ရှင် ပူးပေါင်းပြီး စက်ရုံနဲ့ အလုပ်ရုံတွေ တိုးတက် အောင်မြင်လာအောင် ပြုလုပ်ရမယ်လို့ ပြောပါတယ်။ ဒါ့ကြောင့်  အလုပ်သမားနဲ့ အလုပ်ရှင် ကြားမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ဖို့ အဓိက ကျလာပြီး အဲဒီအခန်းကဏ္ဍမှာ အခြေခံအကျဆုံးဖြစ်တဲ့ မြို့နယ်ဖျန်ဖြေရေးအဖွဲ့တွေရဲ့ အခန်းကဏ္ဍ အရေးပါမှုကို ရှင်းလင်း ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013