DVB Logo
Home
မြန်မာသတင်း
ဘာသာရေးအဆောက်အဦများကို တိုက်ခိုက်ဖျက်ဆီးခြင်းမပြုလုပ်ရန် မေတ္တာရပ်ခံ
DVB
·
June 9, 2021
ဘာသာရေးအဆောက်အဦများကို တိုက်ခိုက်ဖျက်ဆီးခြင်းမပြုလုပ်ရန် မေတ္တာရပ်ခံ
Donate to DVB

ဘာသာရေးဆိုင်ရာအဆောက်အဦတွေ၊ ဆေးရုံဆေးခန်းတွေ အပါအဝင် အများပိုင်နေရာတွေကို ပစ်ခတ်ဖျက်ဆီးတာ မပြုလုပ်ကြဖို့ လွိုင်ကော်ကက်သလစ်သာသနာ သာသနာလုံးဆိုင်ရာတာဝန်ခံဘုန်းတော်ကြီး ချဲလ်ဆိုဘရွှေက  ဇွန်လ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန် မေတ္တာရပ်ခံလိုက်ပါတယ်။

လက်ရှိကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်နဲ့  ရှမ်းကယားနယ်စပ်ဒေသမှာ စစ်ကောင်စီ အကြမ်းဖက်တပ်တွေနဲ့ ဒေသခပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဘုရားရှိခိုးကျောင်းနဲ့ လူနေအိမ်အဆောက်အဦတွေပါ လက်နက်ကြီးထိမှန် ပျက်စီးဆုံးရှုံးမှုတွေ ရှိနေပါတယ်။

ဒါကြောင့် လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့  စေတီပုထိုးတွေ၊ ဘာသာအသီးသီးမှ ဘရားကျောင်းကန်နဲ့ ဗလီတွေ၊ ရဟန်း သီလရှင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းစာသင်ကျောင်းနဲ့ အများပိုင်နေရာတွေမှာ တပ်စွဲနေရာယူတာတွေ၊ တိုက်ခိုက်ရေးအတွက် အသုံးပြုတာ၊ လက်နက်တွေသိုလှောင်တာ၊ ပစ်ခတ်မီးရှို့ဖျက်ဆီးတာတွေ လုံးဝမပြုကြဖို့ အနူးအ ညွတ်မေတ္တာရပ်ခံကြောင်း တိုက်ပွဲကြောင့် ပြည်သူတွေဟာ ဘေးကင်းရာခိုလှုံတိမ်းရှောင်နေရပြီး ကယားပြည်နယ်ထဲက ဗုဒ္ဓသာသနာကျောင်းတွေ၊ အသင်းတော်အသီးသီးက ခရစ်ယာန်ဘုရားကျောင်းတွေ၊ သီလရှင်ကျောင်းတွေကို လူမျိုးဘာသာမရွေး လူတိုင်းအတွက် တံခါးဖွင့်ပေးခဲ့ကြောင်း၊ အထူးသဖြင့် သက်ကြီး ရွယ်အို၊ မသန်မစွမ်းသူ၊ ဖျားနာသူနဲ့ ကလေးသူငယ်တွေ အမျိုးသမီးတွေကို ကူညီစောင့်ရှောက်ပေးနေတယ်လို့  ဆိုပါတယ်။  

တိုက်ပွဲပြင်းထန်လာလို့ စစ်ဘေးရှောင်တွေဟာ သာသနာရေးအဆောက်အဦကနေ ပိုပြီး လုံခြုံစိတ်ချရမယ်လို့ ယူဆရတဲ့အခြားနေရာသို့ပြောင်းရွှေ့တိမ်းရှောင်သွားကြောင်း၊ အဲဒီအခါ သူတို့ကိုစောင့်ရှောက်ကူညီနေတဲ့ သီလရှင်တွေဟာလည်း စစ်ဘေးရှောင်တွေနဲ့အတူ လိုက်ပါသွား ကြတယ်လို့ ဆိုပါတယ်။

ဘာသာရေးအနုပညာနဲ့ဆိုင်တဲ့အဆောက်အဦတွေ၊ သမိုင်းဝင်အထိမ်းအမှတ်ပစ္စည်းတွေ၊ ဆေးရုံနဲ့ ဖျားနာသူတွေ၊ ဒဏ်ရာရသူတွေစုစည်းထားတဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ဖို့ ညွှန်ကြားတာဟာ စစ်ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး အပိုဒ် ၈ ( ၂ ) ခ ကို အလေးထားစေလိုကြောင်းလည်း သာသနာလုံးဆိုင်ရာတာဝန်ခံက တိုက်တွန်းထားပါ တယ်။

ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ပြည်သူတွေကို သတ်ဖြတ်တာ၊ ပြည်သူလူထုအိုးအိမ်တွေကို ဖျက်ဆီးမီးရှို့တာ၊ ဘာသာရေးအဆောက်အဦတွေကို ဖျက်ဆီးတာ၊ လမ်းတံတားဖျက်ဆီးတာ စတဲ့ ရာဇဝတ်မှုတွေကို  အကြမ်းဖက်ကောင်စီက တာဝန်ယူရမှာဖြစ်တယ်လို့ ကရင်နီ(ကယား)ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ CRKySH ကလည်း ဇွန် ၈ ရက်မှာ ထုတ်ပြန် သတိပေးထားတယ်။ 

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ဇွန် ၆ ရက်နေ့ကဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်  ငြိမ်းချမ်းခြင်းသခင်မဘုရားကျောင်းနဲ့လူနေအိမ်တွေ ပျက်စီးသွားခဲ့သလို ဘုရားကျောင်းစောင့်တချို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013