DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ချောမွေ့ဖို့ ဆွေးနွေးရန် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက ဆုံးဖြတ်
DVB
·
November 23, 2013
ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ချောမွေ့ဖို့ ဆွေးနွေးရန် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက ဆုံးဖြတ်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ ဖွဲ့စည်းပုံ ပြင်တဲ့နေရာမှာ အဆင်ပြေချောမွေ့ရေး ဆွေးနွေးကြဖို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

[caption id="attachment_46875" align="alignright" width="300"]နေပြည်တော်တွင် နိုဝင်ဘာလ ၁၈ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူ့ဆန္ဒကောက်ယူနေစဉ် နေပြည်တော်တွင် နိုဝင်ဘာလ ၁၈ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူ့ဆန္ဒကောက်ယူနေစဉ်[/caption]

နိုဝင်ဘာ ၂၃ရက် ဒီနေ့မှာ ကျင်းပ ပြုလုပ်တဲ့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အစည်းဝေးက ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ပြောပါတယ်။

“ကျနော်တို့အဖွဲ့ချုပ် ဥက္ကဋ္ဌကနေပြီးတော့ သမ္မတဆီ စာရေးဖို့ ဆုံးဖြတ်လိုက်တာဗျ။ သမ္မတရယ် လွှတ်တော်ရယ် တပ်မတော်ရယ် ကျနော်တို့ ဥက္ကဌရယ်  တွေ့ပြီး ဆွေးနွေးလို့ရအောင် စာရေးဖို့ ဆုံးဖြတ်တာဗျ။ တောင်းဆိုတယ်ဆိုတာလည်း ကျနော်တို့ က မေတ္တာရပ်ခံစာပေါ့ဗျာ။ ကျနော်တို့ ဆုံးဖြတ်ချက်က မေတ္တာရပ်ခံစာရေးတာပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ နိုင်ငံသူနိုင်ငံသားတွေအတွက် အသက်တမျှ အရေးကြီး တာပဲလေ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေး ကိစ္စမှာ ကျနော်တို့က တရားဥပဒေစိုမိုးရေးနဲ့ ရပ်ရွာ အေးချမ်းသာယာရေးအတွက် တာဝန်ရှိသူ အားလုံးက ပူးပေါင်းဆောင်ရွက်ကြဖို့ ကျနော်တို့ ဒါကို ထုတ်တာပါ။ ”

ပြည်ပအခြေစိုက် အလွတ်တန်းသတင်းစာဆရာ ဦးဇင်လင်းက အခုအချိန်မှာ ကိုယ်ကျိုးတွေ ရှေ့တန်းမတင်ဘဲ ဖွဲ့စည်းပုံပြင်ဖို့ ဆွေးနွေးသင့်ပြီလို့ မှတ်ချက်ပေး ပြောပါတယ်။

“အဓိက ကတော့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံကို နည်းလမ်းတကျ မျှမျှတတဖြစ်အောင် ဒီမိုကရေစီ နည်းကျအောင် တိုင်းပြည်ကြီး အဖက်ဖက်က ကောင်းအောင် ဆိုလိုရှိရင် သားရွှေအိုးထမ်းလာတဲ့ကိန်း ဆိုရင်တော့ သူတို့အားလုံး အတ္တတွေ နောက်ဆုတ် ပြီးတော့ ဆွေးနွေး ညှိနှိုင်းကျရမယ့် အချိန်ဖြစ်တယ်လို့ သုံးသပ်တယ်။”

အဖွဲ့ချုပ်က ဦးဆောင်ပြီး ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး ပြည်သူ့ဆန္ဒခံယူပွဲတွေကို အောက်တိုဘာလလယ်ကတည်းက  တပြည်လုံးအနှံ့ ပြုလုပ်နေပြီး ရန်ကုန်တိုင်းနဲ့ နေပြည်တော်တိုင်းတို့မှာတော့ တိုင်းလုံးကျွတ် ဆန္ဒခံယူခဲ့ရာမှာ အများစုက ပြင်ဖို့ သဘောထား ပေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013