DVB Logo
Home
မြန်မာသတင်း
ယူအန်အက်ဖ်စီ ပထမဆုံးအကြိမ် ရန်ကုန် ခရီးထွက်
DVB
·
November 23, 2013
ယူအန်အက်ဖ်စီ ပထမဆုံးအကြိမ် ရန်ကုန် ခရီးထွက်
Donate to DVB

ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ(ယူအန်အက်ဖ်စီ)ရဲ့ အဖွဲ့ဝင် တွေဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ရန်ကုန်မြို့ကို ပထမဆုံးအကြိမ် ခရီးထွက်ခွာသွား ကြပါတယ်။

12ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြည်တွင်းက နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးကြပြီး နောက်တနေ့မှာပဲ အခုလို ရန်ကုန်မြို့ကို ခရီးထွက်သွားကြတာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းရဲ့ ဖိတ်ကြားချက်အရ သွားကြတာ ဖြစ်တယ်လို့ အဖွဲ့ဝင် အဖြစ် လိုက်ပါသွားတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ရဲ့ ဒုဥက္ကဋ္ဌ ပဒို ဒေးဗစ်သာကပေါက ပြောပါတယ်။

ယူအန်အက်ဖ်စီအနေနဲ့ ရှေပြေးသွားပြီး ငြိမ်းချမ်းရေးဆွေးနွေးကြမှာလို့ သူက ပြောပါတယ်။

“မြန်မာငြိမ်းချမ်းရေး စင်တာမှာ ဦးအောင်မင်းတို့အဖွဲ့နဲ့ ဆွေးနွေးဖို့အတွက်ပါ။ ကျနော်တို့ ယုံကြည်မှု တည်ဆောက်တာပေါ့ဗျာ။ တပြည်လုံးအပစ်အခတ်ရပ်စဲရေး ကိစ္စတွေပါမှာ ပေါ့ဗျာ။ ယူအန်အက်ဖ်စီအနေနဲ့ တရားဝင်နည်းနဲ့တော့ မဟုတ်ဘူးပေါ့။ ယူအန်အက်ဖ်စီ ကိုယ်စားပြုတာပေါ့၊ ရှေ့ပြေး သွေးတိုးစမ်းတဲ့ အဆင့်ပေါ့။ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးအတွက် ကျနော်တို့ ကြိုးစားနေတာဖြစ်ပါတယ်။ ကြိုးစားရာမှာ အဆင့်ဆင့်ပေါ့ဗျာ။ လွယ်မလိုနဲ့ ခက်တာတွေရှိတယ်၊ ခက်မလိုနဲ့ လွယ်တာတွေ ရှိသလိုပေါ့ဗျာ။ အဲဒီလိုနဲ့ အဖက်ဖက်က ကြိုးစားရပါတယ်။ ယူအန်အက်ဖ်စီအနေနဲ့ သူ့ထောင့်၊ သူ့ကဏ္ဍနဲ့ ကြိုးစားနေတာ ဖြစ်ပါတယ်။”

ယူအန်အက်ဖ်စီအဖွဲ့မှာ ဒုတိယဥက္ကဋ္ဌတွေ ဖြစ်ကြတဲ့ ဒေးဗစ်သာကပေါ၊ ဦးအေဘယ်လ်တွိနဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာတို့ ပါဝင်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်အဖွဲ့နဲ့ ယူအန်အက်ဖ်စီတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနှစ်ထဲ ၂ ကြိမ်တိုင် ဆွေးနွေးခဲ့ကြပြီး ဒုတိယအကြိမ် ဆွေးနွေးပွဲမှာကတည်းက ဦးအောင်မင်းက ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013