DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများ မဲဆန္ဒပေးနိုင်ရန် စီစဉ်မည်
DVB
·
November 23, 2013
မသန်စွမ်းသူများ မဲဆန္ဒပေးနိုင်ရန် စီစဉ်မည်
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများအတွက် မဲဆန္ဒပေးနိုင်ရန် မဲစာရင်း သီးသန့်ကောက်ဖို့ အစီအစဉ်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

U Tin Aye၂၀၁၅ခုနှစ် ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲပေးနိုင်ဖို့ မသန်စွမ်းသူတွေရဲ့မဲစာရင်းတွေကို သီးသန့်စာရင်း ကောက်ယူသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ဒီမသန်စွမ်းတွေကို မသန်စွမ်းသူစာရင်း သီးသန့်စာရင်း သီးသန့်ကောက်မယ်။ ပြီးလို ရှိရင် တနေရာထဲမှာ စုပြီး ပေးတွေ့ရမယ်။ သိပ်မများဘူးဆိုရင် သူတို့ကို သွားခေါ်ပေးမလား။ ဒါမဟုတ်များလို့ ရှိရင် ကျနော်တို့က ခွဲလုပ်ရမယ်။ ခွဲလုပ်လို့ ရှိရင်လည်း မြေညီထပ်၊ ၀ှီးချဲနဲ့ သွားလို့ရအောင် ကျနော် စဉ်းစားထားပြီးသားပါ။ တနေ့က meeting မှာ ကျနော်တို့ သေချာ စဉ်းစားပါတယ်။ ပေးတဲ့နေရာမှာလဲ ခင်ဗျာတို့ပြောတဲ့ ညီကိုမောင်နှမတွေအပြင် အဲဒီပုဂ္ဂိုလ်ရဲ့ ယုံကြည်ရသူကို ခေါ်ပြီး အဲလူပေးပါဆိုလို ရှိရင်လဲ ခွင့်ပြုမယ့်သဘော ရှိပါတယ်။ ဒါတွေ ကျနော်တို့ ထည့်ဆွဲထားပါတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ မဟာဗျူဟာအစီအစဉ်ရေးဆွဲရေးကော်မတီနဲ့ လူမှုအဖွဲ့အစည်း ၂၄ ဖွဲ့နဲ့ တွေ့ဆုံစဉ် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါအပြင် မသန်စွမ်းလူမှုအဖွဲ့အစည်းတွေကလည်း မသန်စွမ်းသူတွေကို မဲဆန္ဒရှင် ပညာပေးအဖွဲ့တွေမှာ ခွဲခြားဆက်ဆံခြင်းမပြုပဲ ပါဝင်ခွင့်ပြုဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှာ ဦးနေလင်းစိုးက “မသန်စွမ်းသူတွေရဲ့ ပါဝင်တဲ့အပိုင်း ဆွေးနွေးတဲ့နေရာမှာလဲ ကျနော်တို့ ဒီမသန်စွမ်းသူတွေကို ကော်မရှင်၊ မဲရုံနဲ့ မဲဆန္ဒရှင်တွေ ပညာပေးအပိုင်း စသဖြင့် အဆင့်ဆင့်သောလုပ်ငန်းစဉ်တွေမှာ စွမ်းဆောင်ရည် ရှိတဲ့၊ လုပ်နိုင်စွမ်းရှိတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ မသန်စွမ်းသူတွေကိုလည်း မသန်စွမ်းမှုကြောင့် မခွဲခြားပဲ ပါဝင်ခွင့်ပြုဖို့ကိုလည်း ကျနော်တို့ ဆွေးနွေးပါတယ်။ ဒီခေါင်းစဉ်အောက်မှာပဲ ကြိုတင်မဲကိစ္စနဲ့ ပတ်သတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ဖြစ်ပါတယ်။ အထူးသဖြင့် ကြိုတင်မဲ မဲကြိုယူတဲ့ကိစ္စတွေဆိုရင် မသန်စွမ်းတဲ့သူတွေဆိုရင် ကြိုတင်ပြီးတော့မှ ကိုယ်တိုင်က မဲသွားပေးနိုင်တယ်။ ဒါပေမယ့် ကြိုတင်မဲ ပဲပေးပါ။ ကြိုတင်မဲ ပဲပေးခိုင်တာမျိုး တွေကြုံရတဲ့အခါမျိုးမှာ တချို့ မသန်စွမ်းတဲ့သူတွေကလည်း သွားရတာ အလုပ်ရှုပ်ပါတယ်။ ကြိုတင်မဲပဲ ပေးလိုက်ပါ။ အမှန်တကယ် ကာယကံရှင်ကိုယ်တိုင်ကလည်း သွားချင်တယ် ကြိုတင်မဲပဲ ပေးလိုက်ပါလို့ အားပေးတော့ ပေးလိုက်ရတာတွေ ရှိတယ်။” လို့ ဆိုပါတယ်။

ကော်မရှင်ရဲ့ကော်မတီဝင် ဒေါက်တာဒေါ်မြင့်ကြည် ဦးစီးပြီး ကော်မရှင်ရဲ့ အကြီးတန်းဝန်ထမ်းတွေ ပါဝင်တဲ့ မဟာဗျူဟာ အစီအစဉ် ရေးဆွဲရေးကော်မတီက မဟာဗျူဟာ ၅ နှစ် အစီအစဉ် ရေးဆွဲနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013