DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေ ချင်းမိုင်ဆွေးနွေးပွဲစတင်
DVB
·
November 22, 2013
နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေ ချင်းမိုင်ဆွေးနွေးပွဲစတင်
Donate to DVB

ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ပြည်တွင်းနိုင်ငံရေးပါတီတွေနဲ့  နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား  ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လက်ရှိမြန်မာ့ နိုင်ငံရေး အခြေအနေတွေ ကို ဆွေးနွေးဖလှယ်နေကြရာမှာ ကိစ္စရပ် အတော်များများမှာ အမြင်သဘောထား နီးစပ်ကြတယ်လို့ ဆွေးနွေးပွဲတက်ခဲ့တဲ့ နှစ်ဘက်စလုံးက ထုတ်ဖော်ပြောကြားကြပါတယ်။

[caption id="attachment_46842" align="alignright" width="300"]Photo by Nyo Ohn Myint Photo by Nyo Ohn Myint[/caption]

ချင်းမိုင်  ဆွေးနွေးပွဲအစ  ပထမနေ့  နိုဝင်ဘာလ ၂၂ရက် မနက်ပိုင်းမှာ    ပြည်တွင်းနိုင်ငံရေးပါတီ ၁၁ခု က ထိပ်တန်းခေါင်းဆောင်တွေနဲ့ ယူအန်အက်ဖ်စီ ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲအပြီး နှစ်ဘက်တက်ရောက်ခဲ့သူတွေကို တွေ့ဆုံမေးမြန်းခဲ့ရာမှာ  အခုလို သဘော ထားမှတ်ချက်ပေး ခဲ့ကြတာပါ။

ယူအန်အက်စ်ဖီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာကို  မနက်ပိုင်းဆွေးနွေးပွဲအပြီး တွေ့ဆုံမေးမြန်းခဲ့ ရာမှာ သူက

“တော်တော်လေးနီးစပ်ပါတယ်။ ကျနော်တို့ရဲ့ တိုင်းရင်းသားတွေ ဘက်က ခံစားချက်ကို ရှင်းပြလိုက်တော့ သူတို့ တော်တော်လေး လက်ခံနားလည်တယ်။ အဲဒီအပေါ်မှာလည်း ကျနော်တို့ရဲ့ လိုလားချက်တွေကို သိရှိနားလည်လာတဲ့အပေါ်မှာ တစုံတရာ အထောက်အကူဖြစ် လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ”

ဒီလို တွေ့ဆုံခွင့်ရတာ အင်မတန်ကောင်းတယ်လို့လည်း ပြောပါတယ်။

ဆွေးနွေးပွဲတက်လာတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့် ကလည်း  ခံစားချက်တွေတူတဲ့အတွက် ဆွေးနွေးရတာ  ပိုလွယ်တယ်လို့ ပြောပါတယ်။

“တယောက်နဲ့ တယောက်က ခံစားချက်တွေ တူပါတယ်။ ခံစားချက်တွေ တူတဲ့အခါကျတော့ ဆွေးနွေးရတာ ပိုပြီး လွယ်ကူပါတယ်။ သူတို့ကလည်း ကျမတို့ကို လေးစားတယ်။  တယောက်နဲ့ တယောက် အပြန်အလှန်လေးစားမှုရှိတော့ ဆွေးနွေးတာ အဆင်ပြေပါတယ်။ ”

ဆွေးနွေးပွဲဖြစ်မြောက်အောင် စီစဉ်ပေးခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်ကတော့ တိုင်းရင်း သားတွေဘက်မှာ ယုံကြည်မှုနည်းနေတာ တွေ့ရတယ်လို့  ဒီဆွေးနွေးပွဲပေါ် ခုလို  သုံးသပ်ပြောကြားပါတယ်။

“နှစ်ဖက်တိုင်းရင်းသားပေါ့နော် ပြည်တွင်းထဲမှာရှိနေတဲ့ တိုင်းရင်းသားတွေ အမြင်နဲ့ ပြည်ပမှာ ရှိနေတဲ့ တိုင်းရင်းတွေ အမြင် နှစ်ခုကို ဖလှယ်ရတာ အင်မတန် တန်ဖိုးရှိပါတယ်။ နောက်တခုကလည်း တိုင်းရင်းသားတွေဘက်မှာ ယုံကြည်မှု နည်းနေတာ တွေ့ရတယ်။ အဲဒီတော့ ဒီယုံကြည်မှုတွေကို တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ဒီမိုကရေစီနိုင်ငံရေးပါတီတွေက အရင်တုန်းက အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ပဲ ဆွေးနွေးလေ့ ရှိတာပေါ့နော်။ ဒီနေ့ကတော့ ထူးခြားချက်က နိုင်ငံရေးပါတီတွေရဲ့ လွတ်လပ်တဲ့ အမြင်ကို ဆွေးနွေးပြီး ဖလှယ်တဲ့အတွက်ကြောင့် ဒီဘက်မှာရှိနေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေလည်း တချို့တ၀က်တော့ သူတို့ လက်ခံတယ်လို့ ကျနော်မြင်တယ်။ တဘက်မှာလည်း သူတို့ စိုးရိမ်ချက်က ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်လာတဲ့အခါမှာ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီမှာ မဖြစ်မနေ ဖြတ်သန်းရတဲ့ဟာ ရှိပါတယ်။ ဒီစိုးရိမ်ချက်တွေကိုလည်း တွေ့ရပါတယ်။”

ပြည်တွင်းပါတီခေါင်းဆောင်တွေဟာ ပထမနေ့ ဆွေးနွေးပွဲမှာ ယူအန်အက်ဖ်စီ၊ရှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကောင်စီခေါ် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/ SSAနဲ့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) တို့နဲ့ ဆွေးနွေးခဲ့ကြပြီး နိုဝင်ဘာ ၂၃ ရက်မှာတော့ ရှမ်းလူထု အခြေပြုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးကြဖို့ အစီအစဉ်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013