DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်ရှိ CDM ပညာရေးဝန်ထမ်းများကို သပိတ်ကော်မတီက ထောက်ပံ့နေ
DVB
·
June 6, 2021
မြိုင်မြို့နယ်ရှိ CDM ပညာရေးဝန်ထမ်းများကို သပိတ်ကော်မတီက ထောက်ပံ့နေ
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီက CDM ပြုလုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေကို ထောက်ပံ့ပေးနေတယ်လို့  ဇွန်လ ၆ ရက်နေ့က အသိပေးစာ ထုတ်ပြန်လိုက်ပါတယ်။

မြိုင်မြို့နယ်အတွင်းမှာ ပြီခဲ့တဲ့မေလက CDM ပြုလုပ်ပြီး စစ်အာဏာရှင်ကို အာဏာဖီဆန် တွန်းလှန်နေတဲ့ ပညာရေးဝန်ထမ်းအထဲက စားဝတ်နေရေး အခက်ခဲဖြစ်တဲ့ CDM သူရဲကောင်း ၂၃ ယောက်ကို ထောက့်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

အခြေနေအမျိုးမျိုးကြောင့် CDM ပညာရေးဝန်ထမ်းအားလုံးကို ထောက်ပံ့မပေးနိုင်တာကိုလည်း တောင်းပန်ထားပါတယ်။

မြိုင်မြို့နယ်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ CDM ပညာရေးဝန်ထမ်းတွေနဲ့ တခြားမြို့နယ်မှာ တာဝန်ထမ်းဆောင်ပြီး မြိုင်မြို့နယ်ဇာတိ CDM ဝန်ထမ်းတွေအနေနဲ့ စားဝတ်နေရေး အခက်ခဲရှိပါက BEGSC-MYAING Page messanger ကို ဆက်သွယ်ပြီး အကူညီတောင်းနိုင်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင် အပြီးသတ်ချုပ်ငြိမ်းတဲ့အထိ CDM လက်နက်စွဲကိုင်ကာ ပြတ်ပြတ်သားသား ဆက်လက်တော်လှန်ကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013