DVB Logo
Home
မြန်မာသတင်း
ကချင် စစ်ပွဲတွေကြောင့် ကလေးငယ်တွေ ပညာသင်ကြားဖို့ အခက်တွေ့နေ
DVB
·
November 22, 2013
ကချင် စစ်ပွဲတွေကြောင့် ကလေးငယ်တွေ ပညာသင်ကြားဖို့ အခက်တွေ့နေ
Donate to DVB

ကချင်ပြည်နယ် မန်စီမြို့နယ် နန့်လင်းပါမှာ ဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ ကချင် လွတ် မြောက်ရေး တပ်မတော် (ကေအိုင်အေ)ရဲ့ တိုက်ပွဲတွေကြောင့်  ထွက်ပြေးလာတဲ့  စစ်ရှောင် ဒုက္ခသည်မိသားစု  တွေရဲ့ ကလေးငယ်တွေဟာ ပညာဆက်လက်သင်ကြားေ၇း အတွက် အခက်အခဲ တွေ ရင်ဆိုင်နေရ ပါတယ်။

kachin (mancy refugee)စစ်ပွဲတွေကို ရှောင်ရှားရင်း ဒုက္ခသည်မိဘတွေနဲ့ အတူ  ပါလာတဲ့ ကလေးငယ်တွေကို ပညာသင်ပေးဖို့  အရေးဟာ အရေးပေါ်လိုအပ်နေတဲ့  အခက်အခဲ ဖြစ်တဲ့ အကြောင်း ဒုက္ခသည် အကူအညီပေးရေး လုပ်ဆောင်နေတဲ့ ၀ိန်ပေါင်နိန်းတွဲ အဖွဲ့က ပြောပါတယ်။

ပညာဆက်လက်သင်ကြားဖို့ အခက်တွေ့နေတဲ့  မူလတန်း၊ အလယ်တန်းနဲ့ မူကြို ကျောင်းသား ကျောင်းသူပေါင်း ခန့်မှန်းချေ ၆၀၀ ကျော်လောက်ရှိနေပြီး  ကျောင်းသားတွေနဲ့ ပတ်သက်ပြီးတော့ ကြုံတွေနေတဲ့  အခြေအနေတွေကို ၀ိန်ပေါင်နိန်းတွဲ အဖွဲ့က ဒေါ်မေရီတွမ် က ပြောပြပါတယ်။

“အခုက ကလေးတွေ ပညာသင်ကြားဖို့က နံပတ် ၁ အားစိုက် ကျမတို့ လုပ်ပေးရမယ့် အခက်အခဲပေါ့နော်။ ကလေးအတွက်က ဖတ်စာအုပ်တွေ ရေးတဲ့စာအုပ်တွေ ဘာတွေ ဘာမှ မပါလာဘူး။ စောင်ကိုတော့ တဖွဲ့ကတော့လာပေးလို့ရပြီ။ အနွေးထည်တွေလည်း လိုတယ်။ ခက်တာက တချို့က ထွက်ပြေးလာလို့ လမ်းခရီးမှာပဲ ရှိသေးတယ်။”

ဒါအပြင် ဒုက္ခသည်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ယူပေးမယ့်သူ မရှိသေးတဲ့အကြောင်းနဲ့ ချက်ပြုတ်စားသောက်ဖို့ အတွက် ထင်း၊ ရေ၊ အိမ်သာ စတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး သူတို့ အဖွဲ့က ကောက်ခံထားတဲ့ စာရင်းတွေအရ ဗန်းမော် ဘက်မှာ ၈၀၀ နီးပါး ကျော် လဂတ်ယန်မှာ ဒုက္ခသည် ၁၀၀၀ ကျော်နဲ့ မလင်းကြီးနဲ့ အနီးနားမှာလည်း ၅၀၀ ကျော်နဲ့ ခန်းမှန်းခြေ ၂၅၀၀ ကျော်ရှိနေတယ်လို့လည်းဆိုပါတယ်။

အစိုးရပိုင်နေ့စဉ် သတင်းစာတွေမှာတော့ ဒုက္ခသည်တွေအတွက် အထောက်ပံ့တွေ ပို့ဆောင်ပေးနေ တဲ့  သတင်းတွေကို ထည့်သွင်းဖော်ပြနေပါတယ်။

ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကတော့ မန်စီမြို့နယ်ထဲမှာ  ပြီးခဲ့တဲ့ ရက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး  ဒုက္ခသည်တွေ မိသားစုတွေဟာ  ကလေးငယ်တွေ ပညာ ဆက်လက်သင်ကြားနိုင်အောင်ရည်ရွယ်ပြီး ဗန်းမော်ဘက်ကို ထွက်ပြေးရောက်ရှိလာကြတာလို့ ပြောပါတယ်။

ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က “တိုက်ပွဲတွေ ဖြစ်လာမှာ စိုးလို့ ထိတွေ့မှုမဖြစ်ကတည်းက စစ်ရှောင်တဲ့သူတွေ ရှိတယ်။ တိုက်ပွဲတွေဖြစ်လာရင် စာသင်လို့ ရမှာ မဟုတ်ဘူး။ စာသင်လို့မရရင် စာသင်လို့ရတဲ့နေရာကို သွားတဲ့သူတွေ များပါတယ်။ တပ်တွေနီးလာင် ကြိုရှောင်တာပေါ့။ တိုက်ပွဲဖြစ်ဖြစ် မဖြစ်ဖြစ်ပေါ့။”လို့ ပြောသွားတာပါ။

ထွက်ပြေးလာတဲ့  ကချင် စစ်ရှောင် ဒုက္ခသည်တွေဟာ ကချင်ပြည်နယ်မှာ ရှိတဲ့  ဘာသာရေး အဖွဲ့အစည်းတွေနဲ့  စစ်ဘေးလွတ်ရာ  ဘုရားကျောင်းတွေမှာ ခိုအောင်းနေကြရတာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013