DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့မှာ ၁ လကို ကားအစီးရေ ၁ သောင်းဝန်းကျင်တိုးလာနေ
DVB
·
November 22, 2013
ရန်ကုန်မြို့မှာ ၁ လကို ကားအစီးရေ ၁ သောင်းဝန်းကျင်တိုးလာနေ
Donate to DVB

ရန်ကုန်မြို့ရဲ့ကားလမ်းမတွေပေါ်မှာကားတွေပြည့်ကျပ်နေပြီး  ယာဉ်ကြောပိတ်ဆို့ မှုပြဿနာ ကြီးထွားလာနေပေမယ့်   ပြည်ပကနေ တင်သွင်းကားတွေ ၁ လကို ၁ သောင်းနီပါးတိုး လာနေ တယ်လို့  ရန်ကုန်တိုင်းကုန်းလမ်းပို့ဆောင်းရေးဦးစီဌာနက ပြောပါတယ်။

ရန်ကုန်မြို့ဟာ  မြန်မာနိုင်ငံထဲမှာရှိတဲ့တခြားမြို့တွေနဲ့ယှဉ်ရင်း ကားတင်သွင်းမှုအများဆုံးဖြစ်ပြီး ပြည်ပကနေ  တစ်လကို  ကားအစီးရေ တစ်သောင်းနီးပါး တင်သွင်းမှုရှိနေတယ်လို့ ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်းရေးဦးစီဌာနက အဆင့်မြင့်အရာရှိတဦးကပြောကြားလိုက်တာပါ။

ကျပ် သိန်းရာကျော်တန် အိမ်စီးကားတွေ သာတင်တွင်းမှုများပြီး  ကားတင်သွင်းတဲ့သူတွေက ရန်ကုန်လိပ်စာနဲ့ တင်သွင်းကြတာများတယ်လို့ ရန်ကုန်တိုင်းကုန်းလမ်းပို့ဆောင်းရေးဦးစီဌာနက တာဝန်ရှိ အရာရှိကအခုလိုပြောပါတယ်။

“၂၀၁၁ ခုနှစ်ကစပြီး တင်သွင်းခဲ့တာ ၁ နှစ်ကျော်ပါပြီ။ အဲဒီတုန်းက ရန်ကုန်ထဲမှာ ယာဉ်အစီးရေ ၂ သိန်း ၁ သောင်းကျော် ရှိတယ်။ အခုက ၃ သိန်း  ၂ သောင်းကျော်ရှိတယ်။ ၁ သိန်းကျော် တိုးတယ်။ ရန်ကုန်မှာတော့ အများဆုံးပဲ။ ရန်ကုန်မှာတော့ တလကို ၁ သောင်းနီးပါး တိုးလာတယ်။ ”

YGN Car Traffic1ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနေနဲ့ကတော့   ကားတင်သွင်းသူတွေများလာပြီး
စိတ်ကြိုက်ကားနံတွေကို  ရွေးချယ်မှုတွေရှိလာတဲ့အတွက်  တလကို သိန်း ၁၅၀၀ ၀န်းကျင် ၀င်ငွေရရှိနေတယ်လို့ ကားနံ ပတ်စိစစ်ရေး ငွေစာရင်းဌာန ထုတ်ပြန်ချက်အရသိရပါတယ်။

စိတ်ကြိုက်ကားနံပတ်ရွေးချယ်ဝယ်ယူခွင့်ပြုထားတဲ့အတွက် နံပတ်ကြိုတင်ဝယ်ယူမှုတွေရှိလာပြီး အပြိုင်အဆိုင်လုဝယ်တာတွေလဲရှိလာတယ်လို့ စိတ်ကြိုက်ကားနံပတ် ရွေးချယ်ဝယ်ယူပေးတဲ့ ၀န်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ  ဦးမင်းဇော်ဦးက အခုလိုပြောပါတယ်။

“ကားနံပတ် ၁ ထောင်ကို ၅ သိန်း၊ ၇ ထောင်ကို ၆ သိန်း၊  ၉ ထောင်ကို ၁၃ သိန်းလား မသိဘူး။ လေးလုံး အပူးတွေလည်း ၀ယ်တယ်။ သုံးလုံး အပူးတွေလည်း ၀ယ်ကြတယ်။ ၉၉၉၉ ဆိုရင် ကြိုဝယ်တဲ့အခါ ဈေးအများဆုံး ၂၆ သိန်းပဲ။ ရောက်ရှိလာရင် ရောက်ရှိတဲ့ဈေးတမျိုးပေါ့။ ”

၂၀၁၁ ခုနှစ် စတင်ဘာလကစတင်ပြီး ပြည်ပကနေ ကားတွေမှာယူတင်သွင်းခွင့်ပြုလိုက်ပြီးနောက် ၂နှစ်ကျော်ကာလ အတွင်း မြန်မာနိုင်ငံမှာ ကားအစီးရေ  တစ်သိန်းကျော်တိုးလာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013