DVB Logo
Home
Lead Story
Myanmar Shopping Mall ကို တင်ဒါ ပြန်ခေါ်တော့မည်
DVB
·
November 22, 2013
Myanmar Shopping Mall ကို တင်ဒါ ပြန်ခေါ်တော့မည်
Donate to DVB

ထူးကုမ္ပဏီက ငှားရမ်း လုပ်ကိုင်နေတဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနပိုင် ဆူးလေ ဘုရားလမ်းက Myanmar Shopping Mall အဆောက်အဦနဲ့ ဂိုဒေါင် ၁ လုံးကို သက်တမ်း ပြည့်သွားပြီ ဖြစ်လို့ လာမယ့် နိုဝင်ဘာ ၂၅ ရက်နေ့ကျရင် ငှားရမ်းမှု တင်ဒါအသစ် ခေါ်ယူသွားမယ်လို့ Myanmar Shopping Mall အရောင်းဌာန တာဝန်ရှိသူတယောက် အတည်ပြုပြောကြားပါတယ်။

OLYMPUS DIGITAL CAMERAဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ ဟိုတယ်ခရီးနဲ့ ဆက်စပ်တဲ့လုပ်ငန်း လုပ်ကိုင်သူတွေကို ဆက်ငှားရမ်းသွားမှာ ဖြစ်ပေမယ့် အသေးစိပ် စည်းကမ်းသတ်မှတ်ချက် ချထားတာ မရှိသေးသလို ထူးကုမ္ပဏီက တင်ဒါ ၀င်ပြိုင် မပြိုင်လည်း မသိရသေးပါဘူး။

ရန်ကုန်မြို့က အချက်အချာကျတဲ့ အဲဒီ အဆောက်အဦမှာ ထူးကုမ္ပဏီဟာ အဲပုဂံ ၀န်ဆောင်မှုလုပ်ငန်း၊ ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းနဲ့ ဆိုင်တဲ့လုပ်ငန်း၊ နိုင်ငံခြားငွေနဲ့ ရောင်းတဲ့ အရက်၊ ဘီယာ၊ စီးကရက်နဲ့ ကျောက်မျက် တန်ဖိုးကြီး ရောင်းချခြင်း လုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013