DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာတရားရုံး ICJ တွင် မြန်မာကိုတရားစွဲထားသည့်အမှု NUG အစိုးရက ထပ်မံ ခုခံချေပရန်မရှိ
DVB
·
June 4, 2021
နိုင်ငံတကာတရားရုံး ICJ တွင် မြန်မာကိုတရားစွဲထားသည့်အမှု  NUG အစိုးရက ထပ်မံ ခုခံချေပရန်မရှိ
Donate to DVB

မြန်မာစစ်တပ်ကို နိုင်ငံတကာတရားရုံး ICJ မှာ စွဲတင်ထားတဲ့အမှုနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထပ်ပြီးခုခံချေပဖို့မရှိတော့ဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးက ဇွန်လ ၄ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ၂၀၁၉ နိုဝင်ဘာ ၁၁ရက်နေ့က နိုင်ငံတကာတရားရုံး ICJ မှာ အမှုဖွင့်ခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က ICJ တရားရုံးမှာ မြန်မာနိုင်ငံအတွက် ခုခံချေပတာတွေ သွားရောက်ဆောင်ရွက်ခဲ့ပါတယ်။ NUG အစိုးရကတော့ နိုင်ငံတကာတရားရုံးက ချမှတ်မယ့် ဆုံးဖြတ်ချက်ကို လက်ခံသွားဖို့ပဲရှိတယ်လို့ ဆိုပါတယ်။

“ICJ ကိုဆက်သွယ်ထားတာမှန်ပါတယ်။ နိုင်ငံတကာမှာ လုပ်လက်စအလုပ်တွေကို ဆက်လုပ်ဖို့ တာဝန်ရှိတယ်လို့ယူဆတဲ့အတွက် ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ICJ မှာ ခုခံချေပမှုတွေကပြီးသွားပါပြီ။ ကျနော်တို့ အနေနဲ့ကတော့ ဒါနဲ့ပတ်သက်ပြီး အထွေအထူးဘာမှဆက်ပြီးပြောစရာမရှိတော့ပါဘူး။တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုလက်ခံသွားမှာဖြစ်ပါတယ်။ ထူးထူးခြားခြားခုခံသွားဖို့မရှိပါဘူး” လို့ ဒုဝန်ကြီး ဦးမိုးဇော်ဦးကပြောပါတယ်။ 

မြန်မာစစ်တပ်ကို အဖွဲ့ဝင် ၅၇ နိုင်ငံပါတဲ့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာနိုင် ငံက တရားစွဲထားတာဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့စွပ်စွဲချက်မှာ မြန်မာစစ်တပ်ရဲ့ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ချက်တွေဟာ ၁၉၄၈ ကုလသမဂ္ဂလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခဲ့တယ် လို့ဆိုပါတယ်။

မြန်မာစစ်တပ်ကတော့ နိုင်ငံတကာတရားရုံးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သွားရောက်ချေပ တုန်းက အန်အယ်လ်ဒီ အစိုးရရဲ့ဆောင်ရွက်ချက်အနောက်က လိုက်မယ်လို့ ဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013