Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေး ချီတက်ဆန္ဒပြ
DVB
·
June 4, 2021
195195784_2596620933972685_4545746261199714347_n
195147830_2596620810639364_790084345554006898_n
195112594_2596620893972689_3785826769706481684_n
195067824_2596620773972701_5232310829332910126_n

မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်မြောက်ပိုင်းဇုန်မှာ  ဇွန်လ ၄ ရက် မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီပြုတ်ကျရေး ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ အခြေခံပညာ အထွေထွေ သပိတ်ကော်မတီ ကနေသိရပါတယ်။

အခြေခံပညာ အထွေထွေသပိတ်ကော်မတီနဲ့ အနောက်မြောက်ပိုင်းဇုန်ရှိ ပြည်သူလူထု ပူးပေါင်းပြီးတော့ အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေးနဲ့ စစ်ကျွန်ပညာရေး အလိုမရှိကြောင်းကို အသံမတိတ်၊အလံမလိပ်ဘဲချီတက်ဆန္ဒပြခဲ့တာဖြစ်တယ်လို့ သပိတ်ကော်မတီတာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

မြိုင်မြို့နယ်မှာ CDM ပြုလုပ်လို့ ရာထူးကနေ ယာယီရပ်နား၊ ထုတ်ပယ် ခံထားရတဲ့ ပညာရေးဝန်ထမ်း ဆရာဆရာမအရေအတွက် ၁၅၃၅ ဦးရှိတယ်လို့ အခြေခံပညာ အထွေထွေ သပိတ် ကော်မတီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024