
မြန်မာရှေ့ဆောင်ဘဏ်ဟာ VISA ကုမ္ပဏီနဲ့ ပူးပေါင်းပြီး နိုင်ငံတကာမှာ အသုံးပြုနိုင်တဲ့ Multicurrency Visa Travel Prepaid Card ကို လာမယ့် နိုဝင်ဘာ ၂၈ ရက်နေ့မှာ စတင် ထုတ်ဝေမှာ ဖြစ်ကြောင်း အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမင်းခိုင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီ ခရီးသွားဗီဇာကဒ်ထဲမှာ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုငွေ စတဲ့ ၃လ မျိုး ထည့်သွင်းနိုင်ပြီး ကမ္ဘာတစ်ဝှမ်းက ဗီဇာကဒ်ကို လက်ခံတဲ့ အေတီအမ် ငွေထုတ်စက်ပေါင်း ၂ သန်းကျော်နဲ့ ပီအိုအက်စ်စက်တွေမှာ အသုံးပြုနိုင်မယ်လို့ သူက ရှင်းပြပါတယ်။
ဒီကဒ်ထဲကို အနည်းဆုံး ဒေါ်လာ ၂၀၀ ကနေ အများဆုံး ဒေါ်လာ ၅ ထောင်အထိ ထည့်ထားနိုင်ပြီး နိုင်ငံခြား ရောက်နေသူတယောက်ယောက်ကိုလည်း မြန်မာနိုင်ငံကနေ ငွေဖြည့်ပေးနိုင်တယ်လို့ ပြောပါတယ်။
အခု မြန်မာရှေ့ဆောင်ဘဏ်ရဲ့ ဗီဇာ ခရီးသွားကဒ်ထုတ်ဝေမှုဟာ ဒုတိယဖြစ်ပြီး
ဒီမတိုင်ခင်တုန်းကတော့ စီဘီဘဏ်ကနေ ဗီဇာခရီးသွားကဒ်တွေ ထုတ်ခဲ့ပါသေးတယ်။











