DVB Logo
Home
မြန်မာသတင်း
ကန်ပိုက်တီမြို့တွင် အုပ်ချုပ်ရေးမှူးများ၏ သားသမီး ၄ ဦးသာ ကျောင်းအပ်
DVB
·
June 3, 2021
ကန်ပိုက်တီမြို့တွင် အုပ်ချုပ်ရေးမှူးများ၏ သားသမီး ၄ ဦးသာ ကျောင်းအပ်
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ရှိ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့မှာ မြို့အုပ်ချုပ်မှူးရဲ့ ကလေးအပါအ၀င် စုစုပေါင်း ၄ ယောက်သာ ကျောင်းလာ‌အပ်နှံတယ်လို့ ဒေ‌သခံတွေ ဆီကသိရပါတယ်။

မြို့အုပ်ချုပ်ရေးမှူးနဲ့ ရက်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သားသမီး ၂ ယောက်စီ စုစုပေါင်း ၄ ယောက်  လာရောက် အပ်နှံခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ၀န်ထမ်းတစ်ဦးက အတည်ပြုပါတယ်။

အဆိုပါ ကန်ပိုက်တီ အထကကျောင်းမှာ ကျောင်းအုပ်ဆရာမကြီးအပါအ၀င်  CDM မလုပ်တဲ့ ဆရာမ ၄  ဦးနဲ့သာလည်ပတ်နေပြီး မူလတန်းအထိသာ ကျောင်းအပ်လက်ခံနိုင်တာဖြစ်ပါတယ်။

ပြီးခဲ့လက ကျောင်းအုတ်တံတိုင်းအပါအ၀င် တစ်မြို့လုံးမှာ နွေဦးတော်လှန်ရေး စာသားတွေရေးဆွဲကာ စစ်ကျွန်ပညာရေးဆန့်ကျင် တော်လှန်ခဲ့တာကြောင့်  မြို့အုပ်ချုပ်ရေးက ဖမ်း၀ရမ်း ဆုငွေထုတ်ခဲ့ပါတယ်။

https://www.facebook.com/photo/?fbid=3987223868059617&set=pcb.4339412006077899
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013