DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးရရှိရေး တွန်းပို့သွားမည်
DVB
·
November 21, 2013
ငြိမ်းချမ်းရေးရရှိရေး တွန်းပို့သွားမည်
Donate to DVB

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ အစည်းဝေးကို နိုဝင်ဘာ ၂၀ ရက် မှ ၂၁ ရက်ထိ ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာ  ပြုလုပ်သွားခဲ့ပါတယ်။

35b3ab2a19f46ac3056fff8ccff085c4_Lဒီအစည်းအဝေး ဆွေးနွေးပွဲကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ် စိန့်ပီတာ စိန်ပေါဘုရားရှိခိုး ကျောင်းမှာ ၂ ရက်တာ ကျင်းပပြုလုပ်သွားပြီး ငြိမ်းချမ်းရေးတွေအမြန်ရရှိဖို့ ဘယ်လို ကူညီပံ့ပို့ရမယ်ဆိုတဲ့အချက်တွေကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ ကရင်ပြည်သူ့ပါတီရဲ့ ဒု-ဥက္ကဌ စောစေးဝါးက ပြောပါတယ်။

“ ငြိမ်းချမ်းရေးတွေရရှိဖို့အတွက် ဒို့ အဖွဲ့တွေ ဘယ်လိုကူညီကြမလဲ၊ နောက်တခုက ပြည်သူလူထုအခန်ဂဏမှာ ပြည်သူတွေကနေပြီး ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ၀င်ပြီးတော့ ကူညီမယ် စသဖြင့် အဲဒါတွေပါတယ်။ ဆိုလိုချင်တာကတော့ ယခင်အတိုင် ငြိမ်းချမ်းရး ထောက်ခံပွဲတွေ လုပ်ထားတာရှိတယ်လေ။ အဲဒါတွေကို ဆက်ပြီး ပြည်သူတွေအတွင်းမှာ ယုံယုံကြည်ကြည် တက်တက်ကြွကြွ လုပ်ဖို့ မူလလုပ်တဲ့အတိုင်း ဆက်လုပ်ဖို့ အစည်းစဉ်ရှိပါတယ်။ သက်ဆိုင်ရာ မြို့နယ်တိုင်းမှာ ငြိမ်းချမ်းရေးထောက်ခံပွဲတွေက ဆက်ပြီး လုပ်ဖို့ အစီစဉ်တွေရှိတယ်။ ”

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီကို ၂၀၁၃ ခုနှစ် ဧပြီ ၂၉ ရက်နှင့် ၃၀ ကရင်ပြည်နယ် ဘားအံ မြို့မှာ  ပြုလုပ်တဲ့ ကရင်ရေးရာ အစည်းအဝေးအတွင်း ကရင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များ၊ ကရင်နိုင်ငံရေးပါတီများမှ ပါတီဝင်များ၊ ကရင် လက်နက်ကိုင်အဖွဲ့များ၊ ငြိမ်းချမ်းရေး ယူထားသည့် ကရင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အပါအ၀င် စုစုပေါင်း ၃၇ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခါ အဖွဲ့ဝင် ၅၂ ဦးနဲ့  ပြင်ဆင် ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဒီကော်မီတီအနေနဲ့ ဒါ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးတာဖြစ်ပြီး  ကရင်အမျိုးသားတွေ စည်းလုံးညီညွတ်ရေး၊ ကရင်အမျိုးသားတွေ ငြိမ်းချမ်းရေးရရှိဖို့နဲ့ ကရင်အမျိုးသား ဖွံ့ဖြိုး တိုးတက်ဖို့ အဓိကစား ဆောင်ရွက်နေတာဖြစ်တယ်လို့ စောစေးဝါးညွန့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013