DVB Logo
Home
မြန်မာသတင်း
တရုတ်တွင် အမျိုးသား ၁ ဦး H10N3 ကြက်ငှက်တုပ်ကွေး ပထမဆုံးကူးစက်ခံရ
DVB
·
June 2, 2021
တရုတ်တွင် အမျိုးသား ၁ ဦး H10N3 ကြက်ငှက်တုပ်ကွေး ပထမဆုံးကူးစက်ခံရ
Donate to DVB

တရုတ်နိုင်ငံက အသက် ၄၁ နှစ်အရွယ် အမျိုးသားတယောက်မှာ H10N3 ကြက် ငှက်တုပ်ကွေး ကူးစက်ခံရပြီးနောက် ဒါဟာ ပထမဆုံးသော လူသားတွေဆီ ကူးစက်မှုအသစ် ဖြစ်တယ်လို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်(အန်အိပ်ချ်စီ)က ပြောပါတယ်။

       သက်ဆိုင်ရာ အာဏာပိုင်တွေက အဆိုပါ အမျိုးသားဟာ ဘယ်လိုဘယ်ပုံ ကူးစက် ခံခဲ့ရ တယ်ဆိုတာကို အသေးစိတ် မပြောပေမယ့် ဒါဟာ လူသားတွေတယောက်ကနေ တစ်ယောက် ကူးစက်ပျံ့နှံ့ဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။

ကျန်းဆုခရိုင်တွင်း နေထိုင်တဲ့ အဆိုပါ အမျိုးသားဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရောဂါကူးစက်ခံခဲ့ရတာဖြစ်ကာ လက်ရှိမှတော့ ပြန်လည်ပျောက်ကင်းသက်သာလာပြီး ဆေးရုံက ဆင်းရတော့မှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ကြက်ငှက်တုပ်ကွေးဟာ မျိုးကွဲများစွာရှိပြီး မွေးမြူရေးလုပ်ငန်းတွေမှာ ကြက်တွေ၊ ဘဲတွေနဲ့ အလုပ်လုပ်ရတဲ့ သူတွေဆီ ကူးစက်တာမျိုးဟာလည်း ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတခုဖြစ်ကာ လတ်တလော ကူးစက်ခံရသူနဲ့ ထိတွေ့မှု ရှိတဲ့သူတွေမှာလည်း ဆက် စပ်ရောဂါကူးစက်မှုလည်း တစုံတရာ မတွေ့ရှိခဲ့ရဘူးလို့ ဆိုပါတယ်။

အမျိုးသားကျန်းမာရေးကော်မရှင်(အန်အိပ်ချ်စီ)ကတော့ H10N3 ဗိုင်းရပ်စ်ကူးစက် ခံရသူ အမျိုးသားဟာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်က ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ပြီးနောက် တလအကြာမှာပဲ ပြန်လည်သက်သာလာခဲ့တယ်လို့ ပြောပါတယ်။

“လူသားတွေဆီ H10N3 ဗိုင်းရပ်စ်ကူးစက်တာမျိုးက ကမ္ဘာမှာ မရှိခဲ့သေးပါဘူး။ ဒီ ကူးစက်မှုဟာ ကြက်ငှက်တွေက လူဆီကူးစက်တဲ့ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်စဉ်တခုပါပဲ။ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နိုင်ချေကတော့ အတော့်ကို နည်းပါတယ်”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိပ်ချ်အို)ကတော့ လက်ရှိအချိန်မှာ ဒီဗိုင်းရပ်စ်က လူအချင်းချင်း ကူးစက်မှုတွေ့ရှိရတယ်ဆိုတဲ့ အထောက်အထား မတွေ့ရှိရသေးဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေအတွင်း H7N9 ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူပေါင်း ၃၀၀ လောက် သေဆုံးခဲ့ပြီးတဲ့နောက်ပိုင်းမှာ လူသားတွေဆီ ကြက်ငှက်တုပ်ကွေး ကူးစက်မှု အများအပြား ဖြစ်ပေါ်တာမျိုး မတွေ့ရှိရတော့ဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013