DVB Logo
Home
မြန်မာသတင်း
သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်‌ ‌ဒေါ်အောင်ဆန်းစုကြည်တို့ကို နေရာရွှေ့၊ ရှေ့နေအဖွဲ့နှင့် အဆက်အသွယ်မရ
DVB
·
June 2, 2021
သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်‌ ‌ဒေါ်အောင်ဆန်းစုကြည်တို့ကို နေရာရွှေ့၊ ရှေ့နေအဖွဲ့နှင့် အဆက်အသွယ်မရ
Donate to DVB

နိုင်ငံတာ်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်‌ ‌ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော်ရှိ သူတို့နေအိမ်တွေကနေ  မသိရတဲ့နေရာကို စစ်ကောင်စီက ပြောင်းရွှေ့လိုက်လို့ သူတို့လုံခြုံရေးအတွက် အရမ်းစိုးရိမ်နေရတယ်လို့ ယုံကြည်ရတဲ့ အနီးစပ်ဆုံး သတင်းရင်းမြစ်တွေကို ကိုးကားပြီး BLOOMBERG သတင်းမှာ ရေးထားပါတယ်။

ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင် နှစ်ယောက်ကို အခုလို နေရာရွှေ့ပြောင်းထားတာနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စိုးရိမ်ပူပန်တဲ့အကြောင်း မေလ ၃၁ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၂၄ ရက်က တရားခွင်မှာ မကြားနာသေးခင်အချိန်အတွင်း ရှေ့နေတွေနဲ့ ခဏစကားပြောကြရာမှာ သူ့ကို အရင်ကတည်းက မရင်းနှီးထားတဲ့ နေရာတစ်နေရာကို ပြောင်းရွှေ့ခဲ့တယ်လို့ ပြောပြခဲ့တယ်လို့ သူ့ရဲ့ ဥပဒေအကူအညီပေးရေး အဖွဲ့ခေါင်းဆောင် ရှေ့နေဦးခင်မောင်ဇော်က ပြောပြပါတယ်။ 

တရားခွင်မှာ ကြားနာပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ လုံးဝ အဆက်အသွယ် မရတော့ဘူးလို့လည်း ဆိုပါတယ်။ 

တနိုင်ငံလုံးက ချစ်ခင်လေးစားရတဲ့ ခေါင်းဆောင်တယောက်ဖြစ်တာမို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးအတွက် ပထမဆုံးနေ့ကတည်းက စိတ်ပူနေခဲ့ရပြီး ခုချိန်ထိလည်း စိုးရိမ်ပူပန်နေရတယ်လို့ ပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီလို့ နာမည်တပ်ပေးထားတဲ့ စစ်တပ်ကို ကိုယ့်လုပ်ရပ်အတွက် တာဝန်ခံမှုနဲ့ တရားမျှတမှုရှိအောင်လုပ်ဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ထပ်မံပြောကြား ထားပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ရပ်တွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေ အပေါ် ကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေအတွက် တာဝန်ယူဖို့ စစ်တပ်ကို တိုက်တွန်းထားပါတယ်။  

ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်‌ ‌ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ ကျန်းမာကြစေဖို့နဲ့  ပြည်သူတွေ ရှိနေသရွေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီလည်း တည်ရှိနေမှာဖြစ်တယ်လို့ မေလ ၂၄ ရက်နေ့ ရုံးချိန်းမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013