DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်မှာ မိန်းခလေးငယ် (၂) ဦးအသတ်ခံရ
DVB
·
November 20, 2013
ရခိုင်ပြည်နယ်မှာ မိန်းခလေးငယ် (၂)  ဦးအသတ်ခံရ
1 / 2
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ပေါက်တောမြို့နယ်အတွင်း ရခိုင်ကျေး၇ွာတွေက  အသက် ၅ နှစ်အရွယ်  မိန်းခလေးငယ် ၂ဦး  အသတ်ခံရမှု  ဖြစ်ပွားခဲ့တယ်လို့  ပြည်နယ် အစိုးရက ပြောပါတယ်။

KyatTawတန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ညက ကျောက်တော်မြို့နယ်မှာ  ကလေးငယ်တဦး  အသတ်ခံရပြီး သေဆုံးသွားခဲ့တာလို့ ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေးတာဝန်ခံ တဦးဖြစ်တဲ့  ဦးဝင်းမြိုင်က ရဲတပ်ဖွဲ့ဆီကရတဲ့ သတင်းအချက်လက်ကို အခြေခံပြီး  ဖြစ်စဉ်ကို ခုလို ပြောပြပါတယ်။

“ဖြစ်စဉ်က သူတို့ အဲဒီည  ဆောင်းဘောက်တွေနဲ့ သီချင်းတွေ ဖွင့်ပြီး ထမင်းချက်စားကြတာကိုး။ ၁၂ နာရီကျော်လောက်အထိ အဲဒီမှာ လူသွားလူလာတွေ ရှိနေတယ်။ အဲဒီသေဆုံးသွားတဲ့ ကောင်မလေးက ၁၀ နာရီကျော်လောက်အထိ အိမ်မှာရှိတယ်။ နောက်ပိုင်း ၁၈ ရက်နေ့ည ၁၁ နာရီလောက်မှာပျောက်ပြီး ပြန်တွေ့တော့ ၁၉ ရက်နေ့ ၂ နာရီခွဲလောက်မှာ ရွာရဲ့အနောက်ဖက် ကိုက် ၁၅၀ အကွာ လယ်ကွင်းထဲမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ ၁ ချက် မျက်လုံးညိုမဲ ဒဏ်ရာ ၁ ချက် နဲ့ မိန်းမ အင်္ဂါစပ်မှာ သွေးယိုစီးတာတွေ့တယ်ဆိုပြီး ဆေးစစ်ချက်မှာ အဲဒီလို ရေးထားတယ်။”

ဖြစ်စဉ်နဲ့ပတ်သက်ပြီး  သံသယရှိသူ  ၅ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း ပြည်နယ် အစိုးရ တာဝန်ရှိသူက  ပြောပါတယ်။ ဒါပေမယ့် ဒီလူတွေနဲ့ ပတ်သက်တဲ့  အသေးစိတ် အချက်အလက် ကိုတော့ ပြောဆိုခြင်း မရှိပါဘူး။

အခင်းဖြစ်ပွားရာ  ကြာညိုပြင်ရွာနဲ့  ကပ်လျက်မှာ ဘင်္ဂလီရွာရှိတာကြောင့် ရွာနှစ်ရွာကြား လုံခြုံရေးကို စစ်တပ်က တာဝန်ယူထားတယ်လို့လည်း သိရပါတယ်။

အလားတူဖြစ်စဉ်မျိုး ပေါက်တောမြို့နယ်၊ စိုးမဲကျီကျေးရွာမှာ နိုဝင်ဘာလ ၁၇ ရက်ညကဖြစ်ပွားခဲ့ပြီး အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးခဲ့ပြီး၊ တရားခံဖော်ထုတ်နေဆဲဖြစ်ကြောင်းနဲ့ ဒီမှုနဲ့ ပတ်သက်လို့တော့ ဘယ်သူ့ကိုမှ  ဖမ်းထားတာ မရှိသေးဘူးလို့ ပြည်နယ်ပြန်ကြားရေး တာဝန်ခံကပဲ ပြောပြပါတယ်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့  အစိုးရအနေနဲ့ အဖွဲ့အစည်း ၂ ခုကြား တွေ့ဆုံဆွေးနွေး  အဖြေရှာကြဖို့ ကမကထပြုပေးသင့်တယ်လို့ ပြောပါတယ်။

“နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေ တဖက်နဲ့ တဖက် ရှိတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေလည်း ရှိတယ်။ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေတခု ရှာမယ်ဆိုရင် ပိုပြီးတော့ လွယ်လွယ်ကူကူဖြစ်မယ။ ဒါကို အစိုးရက ကမကထ လုပ်ပေးရမယ်လို့ ထင်တယ်။ ဒီအတိုင်းပဲ တသက်လုံးသွား နေလို့ကတော့ ဒီအကျိုးဆက်ဟာ တနိုင်ငံလုံးကို ကူးစက်လာပြီးတော့ နောက်ဆုံး တည်ငြိမ်မှုတင်မကဘူး။ လက်ရှိ အခြေအနေပါ ပျက်ယွန်းသွားနိုင်တယ်။”

အစိုးရပြန်ကြားရေးဝန်ကြီးဌာနလည်း   ကျောက်တော်မြို့နယ် ရခိုင်ကျေးရွာက  ကလေးငယ်တဦး စပါးခင်းအတွင်း သေဆုံးနေတာတွေ့ရှိ ခဲ့ရတဲ့အကြောင်း  အတည်ပြု သတင်းထုတ်ပြန်ထားပြီး တရားခံတွေ ဖမ်းဆီးရမိဖို့  သက်ဆိုင်ရာက စုံစမ်း စစ်ဆေးဖော်ထုတ်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ပြီးခဲ့နှစ်က  အကြမ်းဖက်ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့စဉ်တုန်းကလည်း အလားတူဖြစ်စဉ်မျိုးနဲ့  စတင်ဖြစ်ပွားခဲ့ တာဖြစ်ပြီး  အခုဖြစ်စဉ်ဖြစ်ပွားချိန်ဟာ အိုအိုင်စီ ခေါ် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လာရောက်ပြီး မကြာမတင်အချိန်မှာ ဖြစ်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013