ရွှေဘိုမြို့နယ် အ.မ.က ကျောင်း မီးလောင်
DVB
·
June 1, 2021
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သစ်ချိုပင်ကျေးရွာ အ.မ.က ကျောင်း မေလ ၃၁ ရက် ည ၉ နာရီလောက်က မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“သစ်ချိုပင်ကျေးရွာ အ.မ.က ကျောင်း မီးလောင်တာပါ။ အများကြီး ပျက်စီးသွားတာ မရှိပါဘူး။ နည်းနည်းလောက် ပျက်စီးသွားတယ်”လို့ ဒေသခံတွေက ပြောပါတယ်။