DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေး အကျဉ်းသား အားလုံး ကတိအတိုင်း လွှတ်ပေးဖို့ မြန်မာကို ကုလ တောင်းဆို
DVB
·
November 20, 2013
နိုင်ငံရေး အကျဉ်းသား အားလုံး ကတိအတိုင်း လွှတ်ပေးဖို့ မြန်မာကို ကုလ တောင်းဆို
Donate to DVB

မြန်မာအစိုးရအနေနဲ့  ပေးထားတဲ့ ကတိအတိုင်း ဒီနှစ်အကုန်မှာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ ပြန် လွှတ်ပေးရေးကို ဆက်လက်ဆောင်ရွက်ဖို့  ကုလသမဂ္ဂက  တောင်းဆိုလိုက်ပါတယ်။

imagesနိုဝင်ဘာလ ၁၉ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ လူမှုရေး၊ လူသားချင်း စာနာမှုနဲ့  ယဉ်ကျေးမှုရေးရာ  တတိယ  ကော်မတီ အစည်းအဝေးမှာ  သဘောတူညီမှုရခဲ့တဲ့  မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူကြမ်းမှာ တောင်းဆိုထားတာပါ။

ဒီဆုံးဖြတ်ချက်မူကြမ်းမှာ  အရပ်သား အစိုးရလက်ထက် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ကြိုဆိုပေမယ့်  နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို ဆက်လက် ထောင်ဒဏ်ချမှတ်နေတာကို ပူပန်တဲ့အကြောင်းလည်း ပြောဆိုထားပါတယ်။

မြန်မာအစိုးရက ပြီးခဲ့တဲ့သီတင်းပတ်ကပဲ နိုင်ငံရေးအကျဉ်းသား ၆၉ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ခု ၂၀၁၃ ခုနှစ်မကုန်မှာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးမယ့်ပြောကြားထာတာပါ။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်ကတော့ ကုလသမဂ္ဂရဲ့  ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး  ခုလို တုန့်ပြန်ပြောဆိုပါတယ်။

“ပုဒ်မ ၁၈ နဲ့ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီရဲ့ ဒီဇင်ဘာလအတွင်း ပြီးပြတ်ဖို့ဆိုတဲ့ ကိစ္စမှာ ဒီကိစ္စက တော်တော်ကို ညှိနှိုင်းပြီးတော့ ဆောင်ရွက်ရမယ့် ကိစ္စတခုဖြစ်နေပါတယ်။”

မြန်မာနဲ့ ပတ်သတ်ပြီးချမှတ်တဲ့ ဆုံးဖြတ်ချက်မှုကြမ်းဟာ နိုင်ငံပေါင်း ၁၉၃ နိုင်ငံပါတဲ့ ကော်မတီရဲ့ သဘော ဆန္ဒနဲ့ ချမှတ်ခဲ့တာဖြစ်ပြီး မြန်မာရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် အရင်နှစ်တွေနဲ့ စာရင်တော့ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် မရှိဘူးလို့လည်း ဆိုပါတယ်။

ဆုံးဖြတ်ချက်မူကြမ်းမှာ ရိုဟင်ဂျာတွေကိုလည်း နိုင်ငံသားဖြစ်ခွင့်ပေးဖို့နဲ့ ဘာသာရေး အဓိကရုဏ်းတွေ အကြမ်းဖက်မှုတွေ အဆုံး သတ်သွားအောင် ကိုင်တွယ်ဖြေရှင်းဖို့လည်း  တောင်းဆို ထားပါတယ်။

ကုလသမဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်တင်တော့ ကုလသမဂ္ဂဆုံးဖြတ်ချက် အားလုံးကို လက်မခံနိုင်တဲ့အကြောင်းနဲ့  ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်ပြောကြား လိုက်ပြီး  နိုင်ငံသားဖြင့်ခွင့် အပါအ၀င်တောင်းဆိုထားတဲ့  မြေပိုင်ခွင့်၊ လှုပ်ရှားသွားလာခွင့်တွေကို မြန်မာပြည်ရဲ့ ဥပဒေအရ စဉ်းစားဆောင်ရွက်ပေးသွားမယ်လို့  ကုလသမဂ္ဂမှာ တုန့်ပြန်ပြောကြား သွားပါတယ်။

နိုင်ငံသား အခွင့်အရေးနဲ့ ပတ်သက်ရင်လည်း ၁၉၈၂ နိုင်ငံသား ဥပဒေ အရ ဆောင်ရွက်ဖို့ တိုက်တွန်း ထားတာ ရှိသလို ရခိုင် ပြည်နယ် မြို့နယ် ၅ မြို့နယ်ကို ကွင်းဆင်း ဆောင်ရွက်ခဲ့တာတွေ ရှိတဲ့အတွက် အခြေအနေတိုးတက်လာတယ်လို့   မြန်မာ လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံတမန်ကတော့    နိုင်ငံရေး အကျဉ်းသားတွေပြန်လွှတ်ပေးမှု အပါအ၀င်  မြန်မာမှာ သိသာထင်ရှားတဲ့  တိုးတက် ပြောင်းလဲမှုတွေ  ပြုလုပ်နိုင်ခဲ့တဲ့ အပေါ် အသိအမှတ်ပြုတဲ့အကြောင်းနဲ့  အကြမ်းဖက်မှုတွေအပါဝင် စိန်ခေါ်မှုတွေ ဆက်လက် ရှိနေဆဲဖြစ်ပြီး  အပစ်ကျူးလွန်သူတွေကို အရေးယူဖို့  မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်ထဲမှာ  နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့  လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီးမှု၊ အတင်းအကြပ် ပြောင်းရွှေ့မှု၊ လယ်ယာမြေသိမ်းဆည်းမှုနဲ့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေတာနဲ့  ပတ်သက်ပြီး စိုးရိမ် ပူပန်မိတယ်လို့လည်း ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013