DVB Logo
Home
မြန်မာသတင်း
ရွှေဈေးကစားသူများကို ရွှေလုံးဝမရောင်းရန် ဆုံးဖြတ်
DVB
·
May 31, 2021
ရွှေဈေးကစားသူများကို ရွှေလုံးဝမရောင်းရန် ဆုံးဖြတ်
1 / 2
Donate to DVB

ရွှေဈေးကစားသူတွေကို  ရွှေလုံးဝရောင်းချမှု မလုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီး  ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ဆုံးဖြတ်လိုက်ပါတယ်။

မေလ ၃၁ ရက် ဒီနေ့ မနက်ပိုင်းက ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက်  ပြုလုပ်တဲ့ အသင်း အစည်းအဝေးမှာ ခုလို ဆုံးဖြတ်လိုက်တာပါ။

ဒီစည်းအဝေးမှာ ရွှေဈေးကစားသူတွေကို ရွှေလုံးဝရောင်းချတာ မပြုလုပ်ဖို့နဲ့ ရွှေအရောင်းအဝယ် လုပ်ရာမှာ ဆိုင်သမားတွေကို အနည်း ငယ်သာရောင်းချပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

စစ်တပ်အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ကတည်းက အမြင့်ဘက်ကို ဦးတည်လာခဲ့တဲ့ မြန်မာ့ရွှေဈေးဟာ အခုနှစ် မေလ ဒုတိယပတ်မှာ  အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၇ သိန်းကျော်ထိ အဆမတန်မြင့်တက်ခဲ့ပါတယ်။

အဲဒီနောက် အထူးစုံးစမ်းစစ်ဆေးရေးအဖွဲ့(စသုံးလုံး)ရဲ့ လမ်းညွှန်ချက်တဲ့အတိုင်း ရွှေဈေးနှုန်း တည်ငြိမ်ရေး ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းက မေလ ၁၆ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီလိုထုတ်ပြန်ပြီး နှစ်ပတ်နီးပါးအကြာမှာတော့  မြန်မာ့ရွှေဈေးက အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၁၅သိန်းခွဲ ဝန်းကျင်ကို ပြန်ကျဆင်းလာခဲ့ပါတယ်။

ဒီနေ့ မေလ ၃၁ရက်နေ့မှာတော့ မြန်မာ့ရွှေက တစ်ကျပ်သားကို ကျပ် ၁၅၆၈,၀၀၀ နဲ့  ဈေးပိတ်ခဲ့ပါတယ်။

ဓာတ်ပုံ- YGEA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013