DVB Logo
Home
Lead Story
အချိုရည်ဈေးကွက်ထဲကို ပက်ပ်စီ ၀င်ရောက်မည်
DVB
·
November 20, 2013
အချိုရည်ဈေးကွက်ထဲကို ပက်ပ်စီ ၀င်ရောက်မည်
Donate to DVB

အရင် စစ်အစိုးရခေတ်က ပက်ပ်စီ အချိုရည် ထုတ်လုပ်ဖြန့်ဖြူးခဲ့ဖူးတဲ့ MGS ကုမ္ပဏီနဲ့ ကိုရီးယား Lotte ကုမ္ပဏီ တို့ ဖက်စပ်ထားတဲ့ Lotte- MGS မြန်မာ ကုမ္ပဏီဟာ ပက်ပ်စီ အချိုရည် ထုတ်လုပ်ဖို့ ကုမ္ပဏီမှတ်ပုံတင်လိုက်ပြီ ဖြစ်တဲ့အတွက် အခုနှစ် မကုန်ခင် အချိုရည်ဈေးကွက်ထဲ ၀င်ရောက်နိုင်မယ်တော့မယ်လို့ MGS- Star အချိုရည် ဖြန့်ဖြူးနေသူ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

Pepsi-Logoပက်စီ ဦးသိန်းထွန်း ပိုင်ဆိုင်တဲ့ MGS ကုမ္ပဏီဟာ ၁၉၉၀ နောက်ပိုင်း မြန်မာပြည်မှာ ပက်ပ်စီနဲ့ မရင်ဒါအချိုရည်တွေကို ပုလင်းသွတ် ထုတ်လုပ် ဖြန့်ဖြူးခဲ့ပါတယ်။

၁၉၉၇ အရောက် အမေရိကန်ပြည်ထောင်စုကနေ မြန်မာနိုင်ငံကို အရေးယူ ပိတ်ဆို့မှုတွေ လုပ်လို့ ပက်ပ်စီကုမ္ပဏီ ရုပ်သိမ်းသွားပြီးနောက်ပိုင်း Star အမှတ်တံဆိပ်နဲ့ အချိုရည်မျိုးစုံ ထုတ်လုပ် ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။

လက်ရှိ အချိုရည်ဈေးကွက်ကို ကိုကာကိုလာက ဦးဆောင်နေပြီး ကျပ် ၂၀၀ တန် ပုလင်း၊ ကျပ် ၃၀၀ နဲ့ ၇၀၀ တန် ပလပ်စတစ် ဗူးတွေ ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013