DVB Logo
Home
Lead Story
တယ်လီနော ဖြန့်ချိရေး ကိုယ်စားလှယ်နဲ့ လက်လီလက်ကားရောင်းသူ ၁ သိန်းခေါ်ယူ
DVB
·
November 20, 2013
တယ်လီနော ဖြန့်ချိရေး ကိုယ်စားလှယ်နဲ့ လက်လီလက်ကားရောင်းသူ ၁ သိန်းခေါ်ယူ
Donate to DVB

ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်ရထားပြီး အစိုးရနဲ့ စာချုပ်ချုပ် လုပ်ကိုင်ဖို့ပဲ ကျန်တော့တဲ့ နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီဟာ မြန်မာပြည်အနှံ့ မိုဘိုင်းဆင်းကဒ် ဖြန့်ဖြူးရေးနဲ့ ငွေဖြည့်ကဒ်ရောင်းချရေး အပါအ၀င် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နိုင်မယ့် ဖြန့်ချိရေး ကိုယ်စားလှယ်နဲ့ လက်လီလက်ကား ရောင်းသူ ၁ သိန်းလောက် ခေါ်ယူမယ်လို့ ဈေးကွက် မန်နေဂျာချုပ် မစ္စတာ ရှာရတ် မဟော်ထရာ က ပြောပါတယ်။

Telenorပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ရန်ကုန် ကုန်သည်ကြီးများ ဟိုတယ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

တယ်လီနောကုမ္ပဏီဟာ အစိုးရဆီက ခွင့်ပြုချက်ရတာနဲ့ လုပ်ငန်းတွေ စတင်မှာ ဖြစ်ပြီး နောက်ထပ် ၈ လ အတွင်း မိုဘိုင်းဖုန်းဆင်းကဒ်တွေ စရောင်းနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။


အဲဒီ အချိန်ကစ ၅ နှစ်အတွင်း အကျိုးတူ ပူးပေါင်းလုပ်ကိုင်မယ့် ဖြန့်ချိရေးနဲ့ လက်လီလက်ကား ရောင်းသူ ၁ သိန်း ခေါ်ယူသွားမယ် ဖြစ်ပြီး သိပ်မကြာခင် အီးမေးလ် ကနေတဆင့် လုပ်ငန်းအတွက် လျှောက်ထားနိုင်ကြတော့မယ်လို့ သူက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013