DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ်က ဆရာ၊ ဆရာမ ‌၄၃၄ ဦး ရာထူးကထုတ်ပယ်ခံရ
DVB
·
May 29, 2021
ပေါင်မြို့နယ်က ဆရာ၊ ဆရာမ ‌၄၃၄ ဦး ရာထူးကထုတ်ပယ်ခံရ
1 / 3
Donate to DVB

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်က အာဏာဖီဆန်ရေး CDM လုပ်ဆောင်ထားတဲ့ အခြေခံပညာကျောင်း ဆရာ၊ ဆရာမ ၄၃၄ ဦး ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ CDM လုပ်ထားတဲ့ ဆရာ၊ ဆရာမတွေကို အကြောင်းပြချက်မရှိဘဲ တာဝန်ပျက်ကွက်တာ၊ ဝန်ထမ်းစည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မေလ ၂၇ ရက်နေ့မှာ ရာထူးမှ ထုတ်ပယ်ခဲ့တာပါ။

ထုတ်ပယ်ခံရတဲ့ ဆရာ၊ ဆရာမတွေထဲမှာ အထက်တန်းပြ၊ အလယ်တန်းကျောင်းအုပ်ကြီးအဆင့်တွေအပြင် မူလတန်းပြနဲ့လုပ်သားအဆင့် ဝန်ထမ်းတွေပါ ပါဝင်ပါတယ်။

ရာထူးကနေ ထုတ်ပယ်ခံရတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ၆ လအတွင်း နိုင်ငံဝန်ထမ်းနည်းဥပဒေအရ အယူခံဝင်နိုင်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ ‌ မွန်ပြည်နယ်အတွင်းက CDM ဆရာ၊ ဆရာမ‌ ၃၃၀၀ ကျော်ကိုလည်း တာဝန်ကနေ ယာယီရပ်ဆိုင်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013