DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူမှာ ဗလီဖျက်ဖို့ ကြိုးပမ်း
DVB
·
November 19, 2013
ကျောက်ဖြူမှာ ဗလီဖျက်ဖို့ ကြိုးပမ်း
1 / 2
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ နိုဝင်ဘာ ၁၈ ရက် ညပိုင်းက လူအုပ်စုတစုဟာ ဗလီတလုံးကို ဖျက်ဖို့ ကြိုးပမ်းခဲ့ကြပေမယ့် ရဲတပ်ဖွဲ့က အချိန်မီ တားဆီးလိုက်နိုင်ခဲ့တယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူက ပြောပါတယ်။

တနင်္လာနေ့  ည ၈ နာရီကျော်လောက်က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကျောက်ဖြူ လူမှုကွန်ရက်အဖွဲ့က ဦးထွန်းနိုင် ပြောပြတာက
“မနေ့က ညနေပိုင်းက ဗလီဘက်ကို အချို့က သွားပြီးတော့ ဖျက်ကြတယ်လို့ အဲဒီအသံကြားတယ်။ ကျနော် မနက်က သွားပြီးတော့ ပျက်တော့ နည်းနည်းပျက်နေတယ်။ အဲဒီ ဗလီက ဟိုတုန်းကလည်း ပျက်နေတာပဲ။ တံခါးတွေက အကုန်လုံး ပျက်နေတယ်။ ဒီနေ့ကတော့ ဘေးကနေ အဆောင်တဆောင်ရှိတယ်။ အဲဒီအဆောင် အပေါ်ထပ် အကာ နည်းနည်းပျက်သွားတာ တွေ့တယ်။ အမှန်တော့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ဖြစ်နေပါပြီ။ ဒါပေမယ့် အိုအိုင်စီ က လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့  ကျောက်ဖြူမှာလည်း ရုံးဖွင့်မှာ မထောက်ခံဘူးဆိုပြီးတော့ ဆန္ဒပြဖို့ သူတို့ လုပ်နေကြတယ်လေ။ အဲဒီ လုပ်ထားတာနဲ့ ဆက်စပ်ပြီးတော့ အချို့ကလည်း မကျေနပ်စိတ်ဝင်လာပြီးတော့ သွားလုပ်တာလို့ ထင်ပါတယ်။ အဲဒီအနားကို မနေ့က ၉ နာရီလောက်က သွားကြည့်တော့ လုံခြုံရေး ပိုပြီးချထားတာတွေ့တယ်။”

[caption id="attachment_46679" align="alignright" width="300"]Photo by luthuorthan blogspot Photo by luthuorthan blogspot[/caption]

ရခိုင်ပဋိပက္ခ စတင်ခဲ့တဲ့ ကျောက်နီမော်ရွာက မသီတာထွေးအမှုနဲ့ ပတ်သက်ပြီး ကျောက်ဖြူရဲစခန်းကို ၀ိုင်းဝန်းဆန္ဒပြခဲ့ကြပြီးတဲ့နောက် တည်ငြိမ်အေးချမ်းနေခဲ့ရာက မနေ့ညက အခုလို ပြန်ဖြစ်ပွားခဲ့တာလို့လဲ ပြောပါတယ်။

ကျောက်ဖြူရဲစခန်းကို ဆက်သွယ်မေးမြန်းကြည့်တော့ တာဝန်ကျရဲအရာရှိက  သူတို့ အချိန်မီ တားဆီးလိုက်နိုင်တယ်လို့ ပြောပါတယ်။

“ဒီလောက်လည်း ထွေထွေထူးထူး မဟုတ်ပါဘူး။ ဗလီထဲကို လူတွေရောက်လောက်လို့ ကျနော်တို့ လူစုခွဲလိုက်ရတယ်။ မနေ့ညက ပွဲတွေ ဘာတွေလည်း ရှိတော့ တရားခံဘယ်သူလဲဆိုတော့ ကျနော်တို့ မပြောတက်သေးဘူး။ ကျနော်တို့က သိရှိနိုင်မယ့်သူတွေကို နာမည်စာရင်းတွေကောက်ပြီး စီစဉ်နေကြပါတယ်။ အခုက အေးဆေးပါ။ မနေ့ညက ၁၀ မိနစ် ၁၅ မိနစ်အကြာလောက်မှာပဲ လူစုကွဲပြီးတော့ အခုအချိန်အထိ အေးဆေးပါ။”

ပြည်နယ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်ကတော့  ဗလီဟောင်းတလုံးကို ခဲနဲ့ ၀ိုင်းပေါက်ခဲ့ကြတာလို့ ပြောပါတယ်။

“မနေ့ လပြည့်နေ့ည သောက်စားမူးပြီး ဆူပူပြီး ဘယ်သူမှ မရှိတဲ့ ဗလီအပျက်ကို ခဲနဲ့ပေါက်တာပါ။ လူအုပ်ကလည်း ၁၀ ယောက်လောက် ရှိမှာပေါ့။ ကမ်းစပ်မှာ သောက်စားပြီး ၁၁ နာရီမထွက်ရဆိုတော့ ပြန်လာတဲ့အချိန် ဖြစ်ပါလိမ့်မယ်။”

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)က ကိုယ်စားလှယ်တွေ ရခိုင်ပြည်နယ် အခြေအနေကို  သွားရောက် လေ့လာပြီး ရက်ပိုင်းအတွင်း  ကျောက်ဖြူမြို့မှာ ခု အဖြစ်အပျက် ထပ်မံ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လထဲမှာပဲ ရခိုင်ပြည်နယ် သံတွဲမြို့မှာ  ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး မီးရှို့မှုတွေနဲ့ လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013