DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှုဆန့်ကျင်ခဲ့သည့် ရဲ ၂ ဦး ၃ လကြာ တိုက်ပိတ်ခံထားရ
DVB
·
May 29, 2021
စစ်အာဏာသိမ်းမှုဆန့်ကျင်ခဲ့သည့် ရဲ ၂ ဦး ၃ လကြာ တိုက်ပိတ်ခံထားရ
Donate to DVB

စစ်တပ်ရဲ့အာဏာသိမ်းမှုကို လက်မခံတဲ့ စစ်အာဏာရှင်အလိုမရှိကြောင်း ရေးသားဖော်ပြခဲ့တဲ့ ကြံခင်းမြို့က ရဲ ၂ ဦး ထောင်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ထောင်ထဲမှာ ၃ လကြာတဲ့အထိ တိုက်ပိတ်ခံထားရတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ခဲ့တဲ့ ရဲဝန်ထမ်း ၂ ဦးကို ပုသိမ်အကျဥ်ထောင်း ပို့ဆောင်ကာ မိဘတွေနဲ့ တွေ့ခွင့်မပေးတဲ့အပြင် ရဲ ၂ ဦးက ထောင်တွင်းဆန္ဒပြလို့ မတ်လ ၁၈ ရက်နေ့ကစတင်ကာ တိုက်ပိတ်ခဲ့တာလို့ မိသားစုဝင်တွေက DVB ကိုပြောပါတယ်။

"သွားတိုင်းလည်း မတွေ့ရဘူး၊ ပြန်ထွက်လာတဲ့သူတွေက ဖုန်းဆက်ပြောတာသိရတာပါ။ သားတွေက အထဲမှာ ဒီမိုကရေစီရရှိရေး ထပ်ဆန္ဒပြကြတာကို အပြစ်ပေးတဲ့အနေနဲ့ တိုက်ပိတ်ထားတယ်၊ သွားတွေ့တာ ၇ ခါရှိပြီး မတွေ့ရဘူး” လို့ မိခင်ဖြစ်သူက ပြောပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ခဲ့လို့ ထောင်ရောက်ပြီး မတ်လ ၁၈ ရက်နေ့ကစတင်ကာ ဒီမိုကရေစီရရှိရေးနဲ့ အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြခဲ့လို့ ထောင်က သုံးပွင့်နဲ့အရာရှိက မျက်နှာတွေကို လက်သီးနဲ့ထိုးပြီး တိုက်ပိတ်ခဲ့တာလို့ ဆိုပါတယ်။

သားအကြီးဖြစ်တဲ့ ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ၇ နှစ်နဲ့ သားအငယ်ရဲဒုတပ်ကြပ် တာရာလင်းက ရဲလုပ်သက် ၄ နှစ်ရှိနေဖြစ်ကာ ဒုရဲအုပ်စာမေးပွဲဖြေဆိုဖို့အတွက် ဖောင်တင်ထားသူလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013