DVB Logo
Home
မြန်မာသတင်း
ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ၂ ကြိမ်တွေ့ဆုံခဲ့
DVB
·
May 29, 2021
ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ၂ ကြိမ်တွေ့ဆုံခဲ့
Donate to DVB

ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း Japan Myanmar Association ဥက္ကဋ္ဌ မစ္စတာ ဝါတနဘဲ ဟီဒဲအိုဟာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံမှာ ရောက်နေချိန် ၂ ပတ်အတွင်း ၂ ကြိမ် တွေ့ဆုံခဲ့တယ်လို့ နီးစပ်ရာအသိုင်းအဝိုင်းက သိရပါတယ်။

မစ္စတာ ဟီဒဲအိုရဲ့ သားဖြစ်သူ Japan-Myanmar Association ရဲ့ အထွေထွေ အတွင်းရေးမှူး ယုဆုကဲ ဝါတာနာဘဲကလည်း “ဂျပန်ဟာ အနောက်နိုင်ငံတွေရဲ့ အစိုးရပြောင်းလဲရေး လမ်းစဉ်ကို မျက်စိစုံမှိတ်ပြီး လိုက်လုပ်မယ့်အစား မြန်မာ့တပ်မတော်နဲ့ အမေရိကန်နဲ့ တခြားဒီမိုကရေစီနိုင်ငံတွေအကြား ပေါင်းကူးတံတားသဖွယ် ရပ်တည်သင့်ကြောင်း အကြံပြုလိုတယ်” လို့ Diplomat မဂ္ဂဇင်းရဲ့ အတွေးအမြင်ကဏ္ဍတစ်ခုမှာ မေ ၂၅ ရက်က ရေးသားဖော်ပြခဲ့ပါတယ်။

ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုဖြစ်တဲ့. Japan-Myanmar Association မှာ အကြံပေးနာယကအဖြစ် လက်ရှိဒုတိယဝန်ကြီးချုပ် မစ္စတာအာတိုတာရို၊ အငြိမ်းစား ဂျပန်အစိုးရအရာရှိကြီးတွေ၊ ဂျပန်ထိပ်တန်းကုမ္ပဏီကြီးတွေရဲ့ အမှုဆောင်အရာရှိတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဂျပန်အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ ဟီဒဲအိုဟာ မြန်မာစစ်တပ်နဲ့ ကာလကြာမြင့်စွာ ရင်းနှီးမှုတွေရှိပြီး လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ သားအဖသဖွယ် ဆက်ဆံရေး ရှိခဲ့တယ်လို့ ဂျပန်-မြန်မာစီးပွားရေးလုပ်ငန်းရှင်များအကြား ထင်ရှားသူတဦးလည်း ဖြစ်ပါတယ်။

မစ္စတာ ဟီဒဲအိုဟာ မြန်မာနိုင်ငံမှာ သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်း ဖော်ဆောင်မှုကို အားပေးခဲ့သူတဦးဖြစ်ပြီး အာဏာမသိမ်းခင် သီတင်းပတ်က မြန်မာနိုင်ငံ ရောက်ရှိခဲ့ကာ လက်ရှိလည်း မေလ ၁၄ရက်နေ့ကစကာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး မွန်ပြည်နယ်အတွင်း ဖော်ထုတ်မယ့် အထူးစီးပွားရေးဇုန် လျာထားရာ ဒေသကို ရက်ပိုင်းအတွင်း သွားရောက်မယ်လို့ ကြားသိရပါတယ်။

ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဟာ ၁၉၈၈ ခုနောက်ပိုင်း မြန်မာစစ်တပ်ကို ဂျပန်ကာကွယ်ရေးတက္ကသိုလ်မှာ အဆင့်မြင့်စစ်ပညာတွေ သင်ကြားစေတာတွေေ ပြုလုပ်ခဲ့တဲ့ အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013