DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်များကို ဒေါ်လာ ၂၅ သန်း အမေရိကန် ကူမည်
DVB
·
November 19, 2013
ဒုက္ခသည်များကို ဒေါ်လာ ၂၅ သန်း အမေရိကန် ကူမည်
Donate to DVB

အမေရိကန်အစိုးရက ကချင်၊ ကယား၊ ရခိုင်၊ ရှမ်းနဲ့ မွန်ပြည်နယ်က အိုးအိမ်စွန့်ခွာ ထွက်ပြေးတဲ့ ဒုက္ခသည်တွေအတွက် ဒေါ်လာ ၂၅ သန်း အကူအညီ ထောက်ပံ့ပေးသွားမယ်လို့ မနေ့က  ကြေညာချက်မှာ ဖော်ပြထားပါတယ်။

[caption id="attachment_39492" align="alignright" width="300"]စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းတချို့ (ဓာတ်ပုံ-ကျော်ဇေယျာဝင်း) စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းတချို့ (ဓာတ်ပုံ-ကျော်ဇေယျာဝင်း)[/caption]

အခုလို အကူအညီတွေ ထောက်ပံ့ပေးနိုင်အောင် အမေရိကန်၊ ဆွစ်ဇာလန်နဲ့ ဗြိတိန်နိုင်ငံတွေက သံအမတ်ကိုယ်စားလှယ်တွေ ပူးတွဲပြီး နိုဝင်ဘာ ၁၁ နဲ့ ၁၂ ရက်နေ့တွေက ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလ အစောပိုင်းကလည်း ကရင်၊ ကချင်နဲ့ မွန်ပြည်နယ်က ဒုက္ခသည် အခြေအနေတွေ သွားရောက် လေ့လာခဲ့ပြီးနောက် လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်က ဒုက္ခသည်တွေအတွက် အစားအစာ၊ သောက်ရေသန့်နဲ့ ရေနုတ်မြောင်း သန့်ရှင်းရေးစနစ်တွေအပါအဝင် နို့စို့ကလေးတွေအတွက် အာဟာရဓာတ်တိုက်ကျွေးတာတွေ အတွက် အထောက်ပံသွားမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်က ဒုက္ခသည်တွေအတွက်ကိုတော့ လူနေအိမ်၊ အဆောက်အဦတွေနဲ့ ခိုလှုံဖို့နေရာတွေ အစားအစာ၊ သောက်ရေနဲ့ အာဟာရဓာတ် တွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

ကျန်တဲ့ ကရင်၊ ကယား၊ မွန်နဲ့ ရှမ်ပြည်နယ်တွေက ဒုက္ခသည်တွေအတွက်ကိုလည်း အသက်မွေးဝမ်းကြောင်းလုပ်ငန်း၊ အခြေခံ လူမှုပတ်ဝန်းကျင် အစီအစဉ်တွေ အားကောင်း လာစေရေး၊ မိမိနေရပ်ကို ပြန်လိုသူတွေအတွက် ပြင်ဆင်ပေးရေးတွေကို ထောက်ပံ့ပေးသွား မယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ဒီအကူအညီတွေ လုပ်ဆောင်နိုင်အောင် မြန်မာနိုင်ငံအစိုးရနဲ့ နိုင်ငံတကာက အလှူရှင်အသိုင်းအ၀ိုင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါအပြင် ဒီအကူအညီတွေကို နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း (အိုင်အန်ဂျီအို)နဲ့ ကုလသမဂ္ဂအေဂျင်စီတွေကနေတဆင့် ထောက်ပံ့သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013