DVB Logo
Home
မြန်မာသတင်း
မိုးကုတ်ဆေးရုံအုပ်ကြီးက CDM ဝန်ထမ်းများကို လုပ်ငန်းခွင်ပြန်ဝင်ရန် ဖိအားပေးနေ
DVB
·
May 28, 2021
မိုးကုတ်ဆေးရုံအုပ်ကြီးက CDM ဝန်ထမ်းများကို လုပ်ငန်းခွင်ပြန်ဝင်ရန် ဖိအားပေးနေ
Donate to DVB

 မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ပြည်သူ့ကျန်းမာရေးဆေးရုံကြီးက စစ်အုပ်စုကိုထောက်ခံတဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မင်းသိုက်နဲ့အပေါင်းပါတွေက CDM လုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ခြိမ်းခြောက်ဖိအားပေးပြီး လုပ်ငန်းခွင်ပြန်ဝင်ခိုင်းနေတယ်လို့ CDM ကျန်းမာရေးဝန်ထမ်းတွေထံက ပြောပါတယ်။

မိုးကုတ် ပြည်သူ့ကျန်းမာရေးဆေးရုံကြီးမှာ အထွေထွေ ကျန်းမာရေးဝန်ထမ်းပေါင်း ၁၆၀ကျော် ရှိပြီး စစ်ကောင်စီက အာဏာသိမ်းလိုက်ချိန်မှာ ကျန်းမာရေးဝန်ထမ်း ၁၃၀ ခန့် CDM လုပ်ဆောင်ခဲ့ကြပါတယ်။ လတ်တလောမှာ ခြိမ်းခြောက်မှုတွေကြောင့် non-CDM ပြန်လုပ်သွားသူ ၁၀ ယောက်ကျော်ရှိတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာတော့ စစ်ကောင်စီတပ်တွေက CDMလုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးတာ၊ non-CDM တွေက CDM ဝန်ထမ်းတွေရဲ့ နေအိမ်တွေကို လိုက်လံညွှန်ပြတာ၊ CDM ဝန်ထမ်းတွေကို ပုဒ်မ ၅၀၅နဲ့ ဝရမ်းထုတ်တာ၊ တိမ်းရှောင်နေတဲ့ CDM ဝန်ထမ်းတွေအနေနဲ့ အလုပ်ပြန်ဝင်ကြဖို့နဲ့ အလုပ်ပြန်မဝင်ပါက သူတို့ရဲ့ မိသားစုတွေအပေါ် စစ်‌ကောင်စီတပ်တွေက ခြိမ်းခြောက်အကြပ်ကိုင်တာတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

CDMလုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက "အနည်းဆုံးအကြောင်းကြားစာ သုံးကြိမ်ခေါ်ရတယ်လေ၊ အဲ့ဒီ အကြောင်းကြားစာကကျတော့ သူများဆေးရုံတွေလို မထုတ်ဘူး မဟုတ်ဘူး ထုတ်ထားတယ်။ ထုတ်ထားပြီး ကျနော်တို့ဆီ မပို့ဘူး၊ မသိရင်တော့ ကျနော်တို့ကပဲ သူတို့အကြောင်းကြာစာတွေ ရလျှက်နဲ့ပေါ့၊ ဝင်တော့ ပြန်မဝင်ကြပါဘူး။ ဒါပေမဲ့ ရလျှက်နဲ့ မဝင်တဲ့ပုံစံပေါ့နော်၊ သူတို့က အပေါ်က ပြောလာတယ်ဆိုလို့ရှိရင် သူတို့ကတော့ အကြောင်းကြား ထားတယ်။ ကျနော်တို့က ပြန်မလာတာ၊ အဲ့လိုမျိုးပုံစံပေါ့။ အခုဟာကကျ မဟုတ်ဘူး၊ အကြောင်းကြားစာထုတ်ထားတယ်။ ထုတ်ထားပြီးတော့ ရုံးခန်းမှာပဲ ထားထားတယ်။ ကျနော်တို့ဆီ ရောက်မလာဘူး၊ ပို့တာလည်း မရှိဘူး။ ပြီးတော့ အငယ်တန်းဝန်ထမ်းတွေကိုကျတော့ ဒီစာတွေ တော့ ထုတ်ထားတယ်။ ဖုန်းဆက်ပြီးတော့မှ အဲ့စာကိုလည်း ကိုယ်တိုင်ဖတ်ပြတယ်။ သူတို့က ဖတ်ပြပြီးတော့မှ မင်းတို့အလုပ်ပြုတ်တော့မယ်။ မင်းတို့ မိသားစုကိုရော မကြည့်ဘူးလား။ ဒါမလုပ်ဘူးဆို ဘယ်လိုဟာလုပ်စားမှာလဲ၊ တထစ်ချကတော့ သူတို့နိုင်တော့မယ်ပေါ့နော်၊ အဲ့လိုမျိုးပေါ့၊ ဆေးရုံအုပ်ကတော့ အဓိက ခိုင်းတာပေါ့၊ ဖုန်းလိုက်ဆက်နေတာကတော့ သူနာပြုဆရာပေါ့" လို့ပြောပါတယ်။

ဆေးရုံအုပ်ကြီးကတော့ စစ်ကောင်စီပေးတဲ့ ရာထူးတိုးကို လက်ခံပြီး ဒုတိယညွှန်ကြားရေးမှူး အနေနဲ့ ရွှေ့ပြောင်းဖို့လုပ်ဆောင်နေပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013