DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကြောင့် ထိုင်းစက်ရုံတွင် ကွာရန်တင်းဝင်နေရသည့် မြန်မာလုပ်သားထောင်ချီဆန္ဒပြ
DVB
·
May 28, 2021
ကိုဗစ်ကြောင့် ထိုင်းစက်ရုံတွင် ကွာရန်တင်းဝင်နေရသည့် မြန်မာလုပ်သားထောင်ချီဆန္ဒပြ
Donate to DVB

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ဖစ်ချ်ပူရီခရိုင်၊ ခေါင်ယွဲ့မြို့နယ်ရှိ Cal Comp အီလက်ထရောနစ်ပစ္စည်း စက်ရုံဝင်းထဲမှာ ကိုဗစ်-၁၉ကူးစက်ခံရသူ ထောင်ချီရှိနေပြီး စက်ရုံဝင်းအတွင်း   အလုပ်သမားတွေကိုထားတဲ့ ယာယီဆေးရုံမှာလည်း လူများပြီး မွန်းကြပ်နေတဲ့အပြင် တနေကုန်မီးပြတ်နေတဲ့အတွက် မြန်မာလုပ်သားတွေ ဆန္ဒပြခဲ့ကြပါတယ်။ 

အလုပ်သမားတွေကို ကွာရန်တင်းထားရှိဖို့ ယာယီဆေးရုံလုပ်ထားတဲ့နေရာဟာ စက်ရုံထဲက ဂိုဒေါင်ကြီးတစ်ခုတည်းမှာဖြစ်ပြီး လေဝင်လေထွက်မကောင်းတဲ့အပြင် မေလ ၂၇ ရက် နေ့ကက လျှပ်စစ်မီးတနေကုန်ပျက်နေတဲ့အတွက် အထဲကအလုပ်သမားတွေ မနေနိုင်တဲ့အဆုံး ညနေ ၆ နာရီကစဆန္ဒပြကာ တချို့ ကလည်း အဆောက်အအုံ အပြင်ကို ထွက်လာခဲ့ကြပါတယ်။ 

စက်ရုံတာဝန်ရှိသူက ဘာသာပြန်ကနေတဆင့် သည်းခံစောင့်ဆိုင်းဖို့၊ အပြင်မထွက်ဖို့ မေတ္တာရပ်ခံပြီး ည ၁၀ နာရီလောက်မှာ ခရိုင်အုပ်ချုပ်ရေးဌာနနဲ့ စစ်တပ်ဘက်က တာဝန်ရှိ သူတွေက PPE ဝတ်စုံတွေနဲ့ လာရောက်ကြည့်ရှုစစ်ဆေးပြီး အထူးမီးစက်တပ်ဆင်ပေးခဲ့ပါတယ်။ 

အဆိုပါ ယာယီဆေးရုံတဖြစ်လဲ ဂိုဒေါင်အမှတ် ၁၁ မှာ ကိုဗစ်-၁၉ ပိုးတွေ့သူရော၊ အသွား အလာကန့်သတ်စောင့်ကြည့်ခံရသူတွေပါ ရောနှောထားပြီး ရာနဲ့ချီစုပြုံနေထိုင်ကြောင်း၊ အဲယားကွန်းမရှိတာကြောင့် အလုပ်သမားတွေက မိမိဖာသာ ပန်ကာတွေယူလာပြီး ဖွင့်ကြသလို လူတိုင်းဖုန်းအားသွင်းတာ၊ တချို့က လာဝေတဲ့ထမင်းထုတ်ကို မစားတတ်ဘဲ သူတို့ဖာသာ လျှပ်စစ်အိုးနဲ့ ဟင်းချက်စားတာကြောင့် လျှပ်စစ်ဓာတ်အား အသုံးပြုမှုလွန်ကဲပြီး မီးပြတ်သွားတာ လို့ စက်ရုံဝန်ထမ်းကပြောကြောင်း ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ဆန္ဒပြအလုပ်သမားတွေကတော့ စက်ရုံက ထိုင်းလူနာနဲ့ မြန်မာလူနာကို ခွဲထားပြီး မြန်မာ အလုပ်သမားတွေဘက်မှာ ဝန်ဆောင်ကုသမှုညံ့ဖျင်းကြောင်း၊ အဲကွန်းမရှိ၊ ဆေးသေချာကုသ ပေးတာမရှိဘဲ အပူချိန်သာတိုင်းပြီး ထမင်းထုတ်လောက်ငှမှုမရှိဘူးလို့ ဆိုပါတယ်။ 

စက်ရုံမှာ လူနာအရမ်းများပြီး ဆရာဝန်နဲ့ဆေးဝန်ထမ်းလုံ လောက်မှုမရှိလို့ နယ်မြေခံ စစ်တပ်ကပါ ဝင်ရောက်ကူညီနေတယ်လို့  စက်ရုံတာဝန်ရှိသူက ပြောပါတယ်။ 

အဆိုပါစက်ရုံဝင်းထဲမှာ ထိုင်းရောမြန်မာအလုပ်သမားတွေပါ လူဦးရေ ၁၀၀၀၀ နီးပါးနေထိုင်လုပ်ကိုင်နေပြီး  ဒီလ ၁၅ ရက်နေ့ကစ ကိုဗစ်-၁၉ ကူးစက်သူ ရာဂဏန်းစ တင်တွေ့ရှိခဲ့ တာပါ ။ ဒါကြောင့် အဆိုပါစက်ရုံကိုလည်း ပိတ်ထားလိုက်ရပါတယ်။ 

မေလ ၂၇ ရက် ထုတ်ပြန်ချက်မှာတော့ ဖစ်ချ်ပူရီခရိုင်ထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ စုစုပေါင်း ၃၇၁၅ ဦးရှိပြီး အဲဒီထဲက ၃၁၉၉ ဦးမှာ Cal Comp စက်ရုံဝင်းထဲကဖြစ်တယ်လို့ ဆိုပါတယ်။  အဆိုပါ ၃၁၉၉ ထဲမှာ မြန်မာအလုပ်သမားက တစ်ဝက်ကျော်ပါဝင်နေပါတယ်။ 

ထိုင်းနိုင်ငံမှာ  ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေမြင့်မားနေပြီး မေလ ၂၈ ရက် ထုတ်ပြန်ချက်အရ လူနာသစ် ၃၃၂၃ ဦး၊ သေဆုံးသူ ၄၇ ဦးရှိပြီး မနှစ်ကစ ဒီနေ့ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း ၁၄၁၂၁၇ ဦး၊ သေဆုံးသူ ၉၂၀ နဲ့ သက်သာပျောက်ကင်းသူပေါင်း ၉၃၈၂၈ ဦးရှိတယ်လို့ဆို ပါတယ်။ ကိုးကား - https://www.thairath.co.th/news/local/2102622

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013