DVB Logo
Home
မြန်မာသတင်း
ရှမ်းနှစ်ပါတီပူးပေါင်းဖို့ SNLD ပါတီ ကမ်းလှမ်း
DVB
·
November 18, 2013
ရှမ်းနှစ်ပါတီပူးပေါင်းဖို့ SNLD ပါတီ ကမ်းလှမ်း
Donate to DVB

၁၉၉၀ ရွေးကောက်ပွဲဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အက်စ်အဲန်အယ်လ်ဒီ ဟာ ကျားဖြူပါတီလို့ လူသိများတဲ့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့  ပါတီပူးပေါင်းနိုင်ရေး ဆွေးနွေးပွဲတွေ စတင်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။

အခုလို ကမ်းလှမ်းလိုက်ရတာနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ခုလိုပြောပါတယ်။

1474567_556555677746638_1735479843_nရှမ်းနိုင်ငံရေးပါတီ ၂ ခု ပူးပေါင်းဖို့ ရဟန်း သံဃာတော်၊ မိဘပြည်သူနဲ့ နှစ်ဘက် ပါတီဝင်တွေက စုပေါင်း လက်မှတ်ရေးထိုးပြီး  တောင်းဆိုထားကြသလို ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီရဲ့ သဘောဆန္ဒအရကြောင့်လည်း နှစ်ဘက်တွေ့ဆုံဖို့ စတင်ရကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့စွဲ ကမ်းလှမ်းစာမှာ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရန်ကုန်မြို့မှာကျင်းပတဲ့  ရှမ်းတိုင်းရင်းသားများ ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲမှာ လူထုသဘောထားတင်သွင်းရာမှာလည်း  ၉၇ ရာခိုင်နှုန်းက ၂ ပါတီပူးပေါင်းဖို့ တိုက်တွန်းခဲ့ကြောင်း၊ နိုဝင်ဘာ ၆ ရက်နေ့က လားရှိုးမှာ ကျင်းပတဲ့ ပါတီ ၂၅ နှစ်ပြည့် ငွေရတုပွဲမှာလည်း တက်ရောက်လာသူ မြို့နယ်အသီးသီးက ပါတီဝင်တွေကလည်း တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ကျားဖြူနဲ့ ကျားခေါင်းပါတီတို့မှာ မတူညီတဲ့ မူဝါဒတွေရှိပေမယ့် ဆွေးနွေးညှိနှိုင်းခြင်းနဲ့ အဖြေရှာရမယ်လို့ အက်စ်အန်အယ်လ်ဒီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။
“ကျနော်တို့က ပြည်တော်စုဖွဲ့စည်းအုပ်ချုပ်ပုံမှာ ၈  ယူနစ်နဲ့သွားဖို့ ရည်မှန်းချက်ရှိပါတယ်။ သူတို့ကတော့ ၁၄ ပြည်နယ် ဖွဲ့စည်းပုံကို လက်ခံတယ်လို့ ကြေငြာထားပါတယ်။ အဓိကက အဲဒါပါ၊ ကွဲလွဲတာကတော့ အများကြီးရှိပါတယ်။  ညှိနှိုင်းဆွေးနွေးကြည့်မှဘဲ သိပါလိမ့်မယ်။”

ကျားဖြူပါတီနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ကိုယ်စားလှယ် ၅ ဦးပါ အဖွဲ့တဖွဲ့ကိုလည်း ဖွဲ့စည်းထားတယ်လို့  အက်စ်အန်အယ်လ်ဒီက ပြောပါတယ်။

ဒီကိစ္စကို  ကျားဖြူပါတီ ဒုဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းဆောင်ဆီကလည်း ကြိုဆိုလိုက်ပြီး သူတို့ ဘက် ကလည်း ၂ ပါတီပူးပေါင်းရေးအတွက် ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက ပါတီသင်းလုံးကျွတ် ညီလာခံမှာ ဆွေးနွေးခဲ့ကြောင်း၊  ရှမ်းပြည်ညီညွတ်သောပါတီ ဖြစ်မြောက်ရေးကော်မတီကိုလည်း ဖွဲ့စည်းထားပြီး သူကိုယ်တိုင်က အဖွဲ့ခေါင်းဆောင် အဖြစ် ပါဝင်တယ်လို့ ပြောပါတယ်။

“သဘာဝအရတော့ ပူးပေါင်းဖို့ မခက်ဘူး။ လုပ်ထုံးလုပ်နည်းအရတော့  မပြောတတ်ဘူး။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်က ပါတီပူးပေါင်းဖို့ဆိုရင် နှစ်ပါတီလုံးဖျက်သိမ်းရမယ်လေ။ အဲဒါ ပါတီဖျက်သိမ်းဖို့ နည်းနည်းအခက်အခဲရှိနိုင်တယ်။  ပြီးတော့ ပါတီဖျက်လိုက်ပြီ ဆိုပါစို့၊ ဖျက်ပြီး နောက်ပါတီ တည်ထောင်မယ်၊ ပါတီအသစ်နဲ့ လျှောက်မယ်။ လျှောက်ပြီဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြန်မချရင် ဘယ့်နှယ်လုပ်မလဲ”

လောလောဆယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ပေးပို့တဲ့စာ ရုံးချုပ်ကို တရားဝင် မရောက်သေးတဲ့အတွက် သူတို့ ဘက်က ဘယ်လိုဆက်ပြီးဆောင်ရွက်မယ် ဆိုတာ မပြောနိုင်ကြောင်း ဦးစိုင်းဆောင်ဆီက ပြောပါတယ်။

အက်စ်အန်အယ်လ်ဒီ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀   ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပြီးရင်  ဒုတိယအမတ်အများဆုံး အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပြီး  နိုင်ငံရေး ပြဿနာကြောင့် ပါတီခေါင်းဆောင်  ဦးခွန်ထွန်းဦးနဲ့တကွ ခေါင်းဆောင်တချို့ နှစ်ရှည်ထောင်ချခံ ခဲ့ရပြီး ပါတီဖျက်သိမ်းခံခဲ့ ရပါတယ်။

သမ္မတဦးသိန်းစိန် လက်ထက်မှာ ပါတီခေါင်းဆောင်တွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီး ပါတီမှတ်ပုံတင်သလို နိုင်ငံရေးလှုပ်ရှားမှုတွေ ပြန်လည်ဆောင် ရွက်လာတာ ဖြစ်ပါတယ်။

ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကတော့ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီဖြစ်ပြီး   လွှတ်တော် ၃ ရပ်လုံးမှာ အမတ် ၅၃ နေရာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013