DVB Logo
Home
မြန်မာသတင်း
နေပြည်တော်မှာလည်း ဖွဲ့စည်းပုံပြင်ဆင်လိုသူ ၈၈ ရာနှုန်းရှိ
DVB
·
November 18, 2013
Donate to DVB

အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့ချုပ်​က ​ဖွဲ့စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆိုင်​ရာ ​ပြည်​သူ့ ဆန္ဒ​သ​ဘော​ထား​ရ​ယူ​ရေး ​လူ​ထု ​ဟော​ပြော​ပွဲ​ကို ​ဒီ​က​နေ့ ​နေ​ပြည်​တော်​မှာ ​ပြုလုပ်​ခဲ့​ကြ​ရာ ​လူ​ထု ၂ ​သောင်း​လောက် တက်​ရောက်ပြီး အများစုက ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောထားပေးခဲ့ကြပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လူထု ဆန္ဒခံယူပဲ အခမ်းအနားကို နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ လက်ပံခါးလှကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။

Suu2 copyလူထုဆန္ဒခံယူပွဲမှာ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပေဒအပေါ်မှာ ထားတဲ့ သဘောထားမူဝါဒါတွေကို ရှင်းလင်းဟောကြားခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမင်းသူက အခုလို ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံ ဥပေဒအပေါ်မှာထားတဲ့ သဘောထားမူဝါဒါတွေကို ဒေါ်အောင်ဆန်းစုကြည် ရှင်းပြတဲ့အခါမှာ နိုင်ငံတော် အာဏာဟာ ပြည်သူအပေါ်က ဆင်းသက်လာပြီး တနိုင်ငံလုံး အပေါ်မှာ လွမ်းခြုံတယ်ဆိုပေမယ့် ပြည်သူရဲ့ ဆန္ဒနဲ့ မဟုတ်ဘဲနဲ့ တစုံတဦး ဒါမှမဟုတ် တဦးတဖွဲ့ ကနေပြီး အမိန့်ပေးပြီးမှ ပါဝင်နေတဲ့ အခန်ကဏ္ဍကိုလည်း ထောက်ပြခဲ့တယ်ပေါ့လေ။ အဲဒါက အားလုံသိတဲ့အတိုင်းပဲ အနာဂတ်မြန်မာ့နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍအတွက် တပ်မတော်က အစဉ်ဆစိုက် ပါဝင်သွားရေးဆိုတာက ဒီမိုကရေစီ ပြည်သူ့ဆန္ဒနဲ့ လုံးဝ ကိုက်ညီမှု မရှိတဲ့အကြောင်း ပြောရင်းနဲ့ ဒီလို ပြောတိုင်းက တပ်မတော်အပေါ်မှာ ထိခိုက်နေတဲ့အနေအထားတွေကို တပ်မတော်သားတွေက ခံစားနေရတယ်။ တပ်မတော်သားတွေက အဖွဲ့ချုပ်ပေါ် အမြင်မကြည်ဖြစ်နေတာကို အဓိကထားပြီးတော့မှ ဒီနေ့ ပြည်သူ၊ တပ်မတော်အပေါ်မှာ သဘောထားရှင်းလင်းတဲ့ပွဲလို့ပဲ ပြောရရင် ပိုမှန်ပါတယ်။ ”

ဒါ့အပြင် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကနေပြီး ဖွဲ့စည်းပုံအခြေခံဥပေဒေနဲ့ ပတ်သက်ပြီး လူထုနဲ့ မေးဖြေမှု အစီအစဉ်ကို လည်းပြုလုပ်သွားပါတယ်။

အဲဒီနောက် လူထု သဘောထားကောက်ယူရာမှာ တက်​ရောက်​သူ ​၂ ​သောင်း ​လောက်ထဲ​က ၈၈ ​ရာ​ခိုင်း​နှုန်း​ဟာ ၂၀၀၈ ​ဖွဲ့စည်း​ပုံ​ကို ​ပြင်​ဆင်​ဖို့ ​ဆန္ဒသဘောထား ပေးခဲ့ကြတယ်လို့ ပါတီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဝင် ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။
အန်အယ်ဒီ အနေနဲ့ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆိုင်​ရာ ​ပြည်​သူ့ဆန္ဒ​ သ​ဘော​ထား​ရ​ယူ​ရေး အစီစဉ်အရ တနိုင်ငံလုံးမှာ ဆန္ဒကောက်ခံမှုတွေလုပ်ရာမှာ အများသူတွေတွေက ဖွဲ့စည်းပုံပြင်ဆင်ရေးကိုသာ ဆန္ဒမဲပေးတာနဲ့ပတ်သက်ပြီးေ​ရှ့နေ ​ဦး​အောင်​သိန်း​က ​အခုလို ပြောပါတယ်။

“တနိုင်ငံလုံးကို ကျနော်တို့ လှည့်လည်ပြီးတော့ ပြောဆိုနေတဲ့အပိုင်းကတော့ ပြင်ဆင်ရေးလိုင်ပေါ့ဗျာ၊ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ပေးဖို့ဆိုပြီး ကျနော်တို့ကတော့ တင်ရတာပေါ့။ သို့သော် ၁၀၉ ဦးကော်မီတီကလည်း ဘယ်လိုတင်မလဲ ဆိုတာရှိသေးတယ်လေ။ အဲဒီအပေါ်မှာ လွတ်တော်မှာ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ စောင့်ကြည့်ယုံပဲရှိတာပေါ့။ ကျနော်တို့ အန်အယ်ဒီရဲ့ သဘာထားကတော့ ပြင်ဆင်ရေး ပြင်ဆင်ရေးဆိုတာက ကျနော်တို့ ဖွဲ့စည်းပုံ အခန်း ၁၂ မှာကလည်း ပြင်ဆင်ခြင်းဆိုတဲ့ အပုဒ်ကို အဓိက ဖော်ပြထားတယ်။ အဲဒီပြင်ဆင်ခြင်း လမ်းကြောင်းမှာပဲ ကျနော်တို့ ပြောကြဆိုကြတာ လူထုကလည်းပဲ ပြင်ဆင်ခြင်းဆိုတဲ့ သဘောထားကို ပိုပြီး ပေးတာတွေ့ရပါတယ်။”
ဦးအောင်သိန်းပြောသွားတာပါ။

အန်အယ်လ်ဒီ ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မလား အသစ်ရေးဆွဲမလားဆိုတာနဲ့ပတ်သက်ပြီး လူထု ဆန္ဒခံယူမှုတွေကို ပြီးခဲ့တဲ့ လဆန်း ကတည်းက မြန်မာနိုင်ငံတ၀န်း လှည့်လည်ပြုလုပ်နေတာပါ။

ကောက်ခံရရှိလာတဲ့ ပြည်သူ့ဆန္ဒသဘောထားကို စုစည်းပြီး လွှတ်တော်ကဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဆီပေးပို့မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013