Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်း
DVB
·
May 28, 2021
186470815_1139341793208872_5460661441768830742_n

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်မှာ မေလ ၂၈ ရက်နေ့က ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF(PDY) ကို ဖွဲ့စည်းလိုက်တယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေအပေါ် စစ်အင်အားအလုံးအရင်းနဲ့ ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ရည်ရွယ်ပြီး ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ ကာကွယ်ရေးဆိုင်ရာမူဝါဒတွေကို တိကျစွာလိုက်နာသွားမှာဖြစ်ပြီး ပြည်သူလူထုနဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီး၊ ခြိမ်းခြောက်၊ သတ်ဖြတ်သူတွေကို ရရာနည်းနဲ့ ခုခံတော်လှန်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မေလ ၁၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ဒီကနေ့ ထုတ်ပြန်ကြေညာခဲ့တာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024