DVB Logo
Home
မြန်မာသတင်း
နော်အုန်းလှ လက်ပံတောင်း ဆန္ဒပြသမားများနှင့် ပူးပေါင်း
DVB
·
November 18, 2013
နော်အုန်းလှ လက်ပံတောင်း ဆန္ဒပြသမားများနှင့် ပူးပေါင်း
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင်  လက်ပံတောင်းကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြခဲ့လို့ ဖမ်းဆီးထောင်ချခံခဲ့ရပြီး အခုလ ၁၅ ရက်နေ့က လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတဲ့ အမျိုးသမီးကွန်ရက်အဖွဲ့ဝင် နော်အုန်းလှဟာ လက်ပံတောင်းဒေသ  ဆန္ဒပြသူတွေနဲ့ သွားရောက်ပူးပေါင်းခဲ့ပါတယ်။

နော်အုန်းလှဟာ ပြန်လွတ်တဲ့ရက်မှာပဲ ဆန္ဒပြမှုဖြစ်ပွားနေတဲ့ ဆည်တဲရွာနဲ့ အင်ကျင်းတောင်သပိန်စခန်းဆီကို သွားရောက်ပြီး ဆန္ဒပြသူတွေကို အားပေးခဲ့တယ်လို့ လက်ပံတောင်းအရေးလုပ်ရှားသူ ကိုဟန်ဝင်းအောင်က ပြောပါတယ်။

Naw-Ohn-Hla-leaving-prison“လက်ပံတောင်းကိစ္စ ဆက်လုပ်မယ်ပေါ့၊ ပြီးတော့ တခြားလယ်သမားအရေးတွေ လုပ်ထားတဲ့ကိစ္စ သူဆက်လုပ်မယ်။ အဓိကက သူ ထောင်ကျတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှ စိတ်ဓာတ်အားလျော့မှုမရှိဘူး။ ပြီးတော့ သူ့ကို ဖမ်းဆီးတဲ့ ပုဒ်မ ၁၈ အစရှိတာတွေကိုလည်း သူ အယုံအကြည်မရှိဘူးပေါ့၊ သူက ဆက်လက်ပြီး ပြည်သူ့လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်ဆိုတာပဲ။ ဆည်တဲရွာသွားတယ်။ အင်ကြင်းတောင် သပိတ်စခန်းသွားတယ်။ မိုးကြိုးပြင်တောင်ရွာရှိ သပိတ်စခန်းတွေ သွားတယ်။ ရွာသားတွေကို လိုက်အားပေးတယ်ပေါ့။ ”

လုံထိန်းတွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ မိုးကြိုးပြင်တောင်ရွာက မအေးစန်းကို မန္တလေးဆေးရုံမှာ ဒီနေ့မနက် သွားရောက်ကူညီ စောင့်ရှောက်ခဲ့ပါတယ်။

နော်အုန်းလှဟာ လက်ပံတောင်းကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြခဲ့လို့ နိုင်ငံတော် အကြည်အညို ပျက်စေမှုနဲ့ ဩဂုတ် ၂၉  ရက်နေ့က မုံရွာ မြို့နယ်တရားရုံးမှာ  အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်  ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

နိုဝင်ဘာလ ၁၅ ရက်နေ့က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူ ၆၉ ဦးထဲမှာ နော်အုန်းလှလည်း ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013