DVB Logo
Home
မြန်မာသတင်း
DVB သတင်းထောက် ကိုအောင်ကျော်ကို ဇွန်လ ၂ ရက်နေ့ စီရင်ချက်အမိန့်ချမည်
DVB
·
May 26, 2021
DVB သတင်းထောက် ကိုအောင်ကျော်ကို ဇွန်လ ၂ ရက်နေ့ စီရင်ချက်အမိန့်ချမည်
Donate to DVB

ဖမ်းဆီးခံ မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်ကို ဇွန်လ ၂ ရက်နေ့မှာ စစ်ကောင်စီတရားရုံးက စီရင်ချက်အမိန့်ချတော့မှာဖြစ်ပါတယ်။

DVB သတင်းထောက်ကိုအောင်ကျော်ကို  မတ်လ ၁ ရက်နေ့မက သူ့ရဲ့နေအိမ်မှာ စစ်တပ်က အကြမ်းဖက်အင်အားသုံးပြီးဝင်ရောက်ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုခဲ့ကာ မြိတ်အကျဉ်းထောင်မှာ ထိန်းသိမ်းခဲ့ပါတယ်။

ဒီနေ့မေလ ၂၆ ရက်နေ့ရုံးချိန်းမှာတော့ ကိုအောင်ကျော်က စစ်ကောင်စီတရားရုံးကို အပြီးသတ်လျှောက်လဲချက်တင်ခဲ့ပြီး ဇွန်လ ၂ ရက်နေ့ကျရင် အပြီးသတ်အမိန့်ချတော့မယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

သတင်းထောက်ကိုအောင်ကျော်ဟာ မြိတ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပြည်သူတွေအ‌ပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်လို့ တိုက်ရိုက်သတင်းတင်ဆက်ခဲ့တာကြောင့် စစ်ကောင်စီက အငြိုးထားဖမ်းဆီးခဲ့တာပါ။ သတင်းတင်ဆက်တာဟာ ရာဇဝတ်မှုကျူးလွန်တာမဟုတ်တဲ့အတွက် တရားစွဲမယ်ဆိုရင်တောင် သတင်းမီဒီယာဥပဒေနဲ့ပဲ စွဲသင့်တယ်လို့ ကိုအောင်ကျော်ရဲ့ ဇနီး မနေခြည်မိုးထက်ကပြောပါတယ်။

ကိုအောင်ကျော်ရဲ့အမှုကို မြိတ်မြို့ကရှေ့နေတွေမလိုက်ရဲအောင် စစ်ကောင်စီက ဖိအားတွေပေးခဲ့တဲ့အတွက် ကိုအောင်ကျော်ကိုယ်တိုင် တရားခွင်မှာ  မီဒီယာဥပဒေကိုကိုင်ပြီး ချေပနေရတာဖြစ်ပါတယ်။ 

လာမယ့် ဇွန်လ ၂ ရက်နေ့မှာ အလားတူ တရားစွဲခံထားရတဲ့ Mizzima အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်ကို လည်း စစ်ကောင်စီတရားရုံးက စီရင်ချက်ချတော့မှာဖြစ်ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ DVB သတင်းဌာနက ကိုအောင်ကျော်အပါအဝင် သတင်းထောက် ၄ ယောက်ဖမ်းဆီး တရားစွဲခံခဲ့ရပြီး ပြည်မြို့အခြေစိုက် သတင်းထောက် ကိုမင်းညိုကိုတော့  စစ်ကောင်စီက ထောင်သုံးနှစ်ချခဲ့ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013