DVB Logo
Home
Lead Story
၂၀၁၄ ဧပြီကစ သမ္မတ လစာ ကျပ် သိန်း ၅၀ ယူမည်
DVB
·
November 18, 2013
၂၀၁၄ ဧပြီကစ သမ္မတ လစာ ကျပ် သိန်း ၅၀ ယူမည်
Donate to DVB

လာမယ့် ဘဏ္ဍာနှစ်အစ ၂၀၁၄ ဧပြီလ ကစ နိုင်ငံတော်သမ္မတဟာ ၁ လ လစာ ကျပ်ငွေ သိန်း ၅၀ ခံစားတော့မယ်လို့ ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့ သမ္မတကနေ လွှတ်တော်ကို ပေးပို့တဲ့ သ၀ဏ်လွှာဖော်ပြချက်အရ သိရပါတယ်။

u thein seinအဲဒီ သ၀ဏ်လွှာထဲမှာ သူတို့ အစိုးရအဖွဲ့ တာဝန်ယူကာစမှာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေကြေးနဲ့ အခြေအနေ အကြောင်းကြောင်းကြောင့် ဥပဒေ ပြဋ္ဌာန်းချက်ပါ သတ်မှတ်ထားတဲ့ လစာတွေအတိုင်း မခံစားဘဲ အရင် စစ်အစိုးရခေတ်က လစာတွေအတိုင်းပဲ ခံစားခဲ့တယ်။ အခု အစိုးရသက်တမ်း ၂ နှစ်ခွဲ၊ ၃ နှစ်ရောက်လာတဲ့အခါ တိုင်းပြည် ဘဏ္ဍာကိုလည်း အသင့်အတင့် တိုးတက်အောင် ဖော်ဆောင်နိုင်ခဲ့ကြတယ်။

ဒါကြောင့် လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အစမှာ အရင် စစ်အစိုးရခေတ်က ပြဌာန်းပေးခဲ့တဲ့ ဥပဒေ အတိုင်း ချီးမြှင့်ငွေ (လစာ) ကို စပြီးခံစားမယ် ဆိုပြီး ဖော်ပြထားပါတယ်။

အဲဒီ ဥပဒေအရ သမ္မတဟာ ၁ လ ကျပ် သိန်း ၅၀၊ ဒုသမ္မတ တွေ ၁ လ ကျပ် သိန်း ၄၀၊ လွှတ်တော် ဥက္ကဌ နှစ်ယောက်နဲ့ တရားသူကြီးချုပ် ၁ လ ကျပ် ၃၅ သိန်း၊ ၀န်ကြီး၊ လွှတ်တော် ဒု- ဥက္ကဋ္ဌ ၂ ယောက် နဲ့ အဆင့်တူတွေကို ၁ လ ကျပ် သိန်း ၃၀၊ ဒုဝန်ကြီးတွေနဲ့ အဆင့်တူတွေကို ၁ လ ကျပ် သိန်း ၂၀ သတ်မှတ်ထားပါတယ်။

လက်ရှိ သမ္မတ ဦးသိန်းစိန်ဟာ ၁ လ လစာ ကျပ် ၁၅ သိန်း ရယူခံစားနေကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013