DVB Logo
Home
မြန်မာသတင်း
မိုင်ဂျာယာန် ဖက်ဒရယ်ဥပဒေအကယ်ဒမီဝင်ခွင့်ခေါ်ယူ၊ အမျိုးသမီး ဦးစားပေးမည်
DVB
·
May 25, 2021
မိုင်ဂျာယာန် ဖက်ဒရယ်ဥပဒေအကယ်ဒမီဝင်ခွင့်ခေါ်ယူ၊ အမျိုးသမီး ဦးစားပေးမည်
Donate to DVB

ကချင်ပြည်နယ်ရှိ မိုင်ဂျာယာန် ဖက်ဒရယ်ဥပဒေအကယ်ဒမီကနေ အခုနှစ် ၂၀၂၁—၂၀၂၂ ပညာသင်နှစ် အတွက် ဝင်ခွင့်လျှောက်လွှာတွေ ခေါ်ယူနေပါတယ်။

ဝင်ခွင့်လျှောက်ထားလိုသူတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ သတ်မှတ်ထားပြီး အခြေခံပညာ အထက်တန်းအောင်မြင်ပြီး ပြည်တွင်းတက္ကသိုလ်တခုခုကနေ ဒုတိယနှစ် အောင်မြင်သူတွေ ဒါမှမဟုတ် တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းတွေ အုပ်ချုပ်တဲ့ ဒေသအသီးသီးမှာ ဖွင့်လှစ်ထားတဲ့ ကောလိပ်တခုကနေ ဒီပလိုမာ ရရှိထားသူတွေ ဖြစ်ရမယ်လို့ ဆိုပါတယ်။

တကယ်လို့ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းတွေမှာ အချိန်ပြည့် အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ လျှောက်ထားလိုရင်လည်း သီးခြားစဉ်းစားပေးမယ်လို့ ဆိုပါတယ်။

ဝင်ခွင့်လျှောက်လွှာကို  အခြေခံပညာအထက်တန်းအောင်မြင်ကြောင်း သက်သေခံ အထောက်အထား၊ တက္ကသိုလ်ဒုတိယနှစ် အောင်မြင်ကြောင်း အထောက်အထား၊ ဒါမှ မဟုတ် ဒီပလိုမာ ရရှိထားကြောင်း သက်သေအထောက်အထားနဲ့ ဆေးထောက်ခံချက်တွေကို တပါတည်း ဖက်ဒရယ်ဥပဒေ အကယ်ဒမီ တည်ရှိရာ မိုင်ဂျာယာန်၊ ဒါမှမဟုတ် အီးမေးလ်လိပ်စာ [email protected] နဲ့ [email protected] တို့သို့ ပူးတွဲလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

လူထုအသင်းအဖွဲ့၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းတွေကနေ စေလွှတ်တဲ့ ကျောင်းသား ကျောင်းသူတွေကတော့ မိခင်အဖွဲ့အစည်းရဲ့ ထောက်ခံချက်စာနဲ့ ပူးတွဲလျှောက်ထားရမယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်ဥပဒေအကယ်ဒမီ ကျောင်းဝင်ခွင့်လျှောက်လွှာ လက်ခံတာနဲ့ လူတွေ့ မေးမြန်းတာတွေကိုတော့ မေ ၂၅ ရက်ကနေ ဇွန် ၃၀ ရက်နေ့ထိ  လက်ခံပြုလုပ်သွားမှာ ဖြစ်ပြီး အခုပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၅ ယောက်အထိသာ လက်ခံမှာဖြစ်ကာ အမျိုးသမီးတွေကို ဦးစားပေး ရွေးချယ်မယ်လို့ ဆိုပါတယ်။

ပညာသင်ကာလ သတ်မှတ်ချက်အနေနဲ့  ပထမနှစ်ဝက် ပညာသင်ကာလကို ဇူလိုင်လကနေ နိုဝင်ဘာလအထိ၊ ဒုတိယနှစ်ဝက် ပညာသင်ကာလကို ၂၀၂၂  ခုနှစ်၊ ဇန်နဝါရီလကနေ မေလအထိ သတ်မှတ်ထားပါတယ်။

ဒီသင်ကြားမှုအတွက် ပညာသင်စားရိတ် (Tuition Fees) ပေးအပ်စရာမလိုပဲ ပညာ သင်နှစ် တနှစ်တာကာလ အစားအသောက်စားရိတ်၊ ကျောင်းဝတ်စုံကြေး၊ စာရွက်စာ တမ်းကြေးနဲ့ တခြားကုန်ကျစားရိတ်တွေအတွက် တရုတ်ယွမ်ငွေ သုံးထောင့်ရှစ်ရာ (ယွမ် ၃၈၀၀) ပေးသွင်းရမှာဖြစ်ကာ အဆောင်နေထိုင်စားရိတ်ကိုတော့ အခမဲ့ ခွင့်ပြုမှာ ဖြစ်ပါ တယ်။

လျှောက်ထားလိုသူတွေအနေနဲ့ ဖော်ပြပါ လင့်ခ်ကတဆင့် ဝင်ရောက်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

Application Form -

https://drive.google.com/file/d/1jQpDOkXnkWM_hdYGX4L4DMJLdJO2nRL8/view?usp=sharing

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013