ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ မိုးရွာနေတာကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖတ်မှုဘေးကနေ တိမ်းရှောင်လာတဲ့ ပြည်သူတွေ အဝတ်အထည် မိုးကာနဲ့ ဆေးဝါးရိက္ခာတွေ လိုအပ်နေတယ်လို့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိအချိန်ထိ မင်းတပ်မြို့ကနေ စစ်ဘေးရှောင်လာတဲ့ ပြည်သူ ၁၀၀၀၀ နဲ့ ၁၅၀၀၀ ကြားရှိနေပြီး တောထဲမှာ ပိတ်မိနေတဲ့ပြည်သူတချို့လည်း ရှိနေပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မေလ ၂၄ ရက်နေ့မနက်ပိုင်းက ကြိမ်ချောင်းကျေးရွာနားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရှိခဲ့ပါတယ်။
စစ်ကောင်စီဘက် ဓာတုဓာတ်ငွေ့ လက်နက်သုံးပြီးတိုက်ခိုက်ခဲ့တာကြောင့် မင်းတပ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၅ ယောက်လောက်ကို ဆေးကုသမှုပေးနေရတယ်လို့ဆိုပါတယ်။