DVB Logo
Home
မြန်မာသတင်း
အင်းလေးကန် ထိန်းသိမ်းဖို့ အစိုးရက ၁ နှစ် ကျပ် သန်း ၁၀၀ သုံးဟု ဆို
DVB
·
November 17, 2013
အင်းလေးကန် ထိန်းသိမ်းဖို့ အစိုးရက ၁ နှစ် ကျပ် သန်း ၁၀၀ သုံးဟု ဆို
Donate to DVB

အင်းလေးကန် ထိန်းသိမ်းဖို့အတွက် နိုင်ငံတော်အစိုးရက ၁ နှစ် ကျပ်သန်း ၁၀၀ သုံးတယ်လို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့ ဒုတိယသမ္မတရဲ့ အင်းလေးကန်ခရီးစဉ်အတွင်း အခုလို ပြောခဲ့တာလို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

innlay“အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ သန့်ရှင်းလှပဖို့၊ လူထု ဗဟိုပြုနည်းနဲ့လည်း ဆောင်ရွက်ကြဖို့၊ အင်းသူ အင်းသား မျိုးဆက်သစ်လူငယ်တွေလည်း ပါဝင်ကြဖို့ အဲဒါတွေလည်း သူက လမ်းညွှန်သွားတယ်။ အင်းလေးကန် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ၁ နှစ် သန်း ၁၀၀ ကို ဆည်မြောင်းတို့၊ သစ်တောတို့နဲ့ စိုက်ပျိုးရေးတို့ကို အချိုးကျ ခွဲဝေပေးပါတယ်။ ဆည်းမြောင်းဌာနကတော့ အများဆုံးရရှိတယ်ပေါ့။”

အင်းလေးကန် ရေပြင် ကျဉ်းလာတဲ့အကြောင်း ဒုတိယသမ္မတက ပြောသွားတယ်လို့လည်း ဆိုပါတယ်။

အင်းလေးကန်ကို ကမ္ဘာ့လှည့်ခရီးသည် လာရောက် လည်ပတ်တာ များလာနေပြီး အခုအချိန်ထိ ၉ သောင်းကျော် လာရောက်ခဲ့ပြီး ယခုနှစ် အကုန်မှာ ၁ သိန်းခွဲလောက် ၀င်ရောက်လာဖို့ မျှော်မှန်းထားပါတယ်။

အင်းလေးကန်ဟာ ရေပြင်ဧရိယာအနေနဲ့ အရင်က ၁၀၄ စတုရန်းမိုင်ရှိရာက အခု ၃၄ စတု၇န်းမိုင်၊ တောင်မြောက်အလျား အရင် ၃၆ မိုင်က အခု ၁၁ မိုင်၊ အရှေ့အနောက် အရင်က ၈မိုင်၊ အခု ၄မိုင်၊ ရေအနက်ဆုံး အရင်က ပေ၂၀၊ အခု ၁၂ပေ၊ ရေအတိမ်ဆုံး အရင်က ၁၂ပေ၊ အခု ၆ ပေပဲ ရှိတော့တာမို့ အင်းလေးကန် ရေရှည်တည်တံ့ဖို့ အရေးကြီးဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013