DVB Logo
Home
Lead Story
ပါကစ္စတန် ရမ်းကုဆရာဝန်တို့ ဆင်းရဲသားတွေရဲ့ အသက်နဲ့ ကစားနေကြ
DVB
·
November 16, 2013
ပါကစ္စတန် ရမ်းကုဆရာဝန်တို့ ဆင်းရဲသားတွေရဲ့ အသက်နဲ့ ကစားနေကြ
Donate to DVB

အစိုးရရဲ့အဆိုအရ ပါကစ္စတန်မှာ ရမ်းကုလို့ခေါ်တဲ့ ဆရာဝန်အတုတွေ ၆ သိန်းလောက် ဆေးကုတဲ့အလုပ်ကို လုပ်နေကြတယ်လို့ ဆိုပါတယ်။ ရမ်းကုတွေက ဆေးပညာဘွဲ့ ရထားသူတွေ မဟုတ်သလို မကြာခဏ ဆိုသလို မှားယွင်းတဲ့ ရောဂါ သတ်မှတ်မှုတွေနဲ့ မှားယွင်း ကုသတာတွေ လုပ်တတ်ပါတယ်။ ဒါပေမယ့် ဆင်းရဲ သားတွေက သူတို့နဲ့ပဲ ကုသနိုင်ကြပါတယ်။

Pakistan_Fake_Doctor_web_131109_672ပါကစ္စတန်လူမျိုး အတော်များများကတော့ ရမ်းကုတွေကို ပိတ်ပင် တားမြစ်တဲ့ ဥပဒေကို ပြဌာန်းဖို့ အစိုးရကို တောင်းဆို နေကြပါတယ်။

အသက် ၄၀ ရှိပြီဖြစ်တဲ့ နိုင်ငံဝန်ထမ်း ဒယ်နီယယ်အာမက်ကို သူ့သွားက ဒုက္ခပေးနေပါတယ်။ သူက ရာဝါလ်ပင်ဒီလမ်းတွေပေါ်က ရမ်းကုတယောက်ဆီကို သွားပြခဲ့ပါတယ်။

“သွားကုသမှုစရိတ်က အကုန်အကျ များတယ်ဗျ။ အဲဒါကို ကျနော် မတတ်နိုင်ဘူးလေ။ အဲဒီ ရမ်းကုတွေကတော့ ဈေးသက်သာတဲ့ ကုသမှုပေးတယ်ဗျ။ ရူးပီ ရာဂဏန်း အနည်းအပါးပေါ့ဗျာ။ ကျနော်တို့ရဲ့ သွားကိုက်တာတွေ၊ တခြား ခံတွင်းရောဂါတွေ သက်သာအောင် လုပ်ပေးနိုင်ကြတယ်လေ။.”

ရမ်းကုတွေကို လမ်းဘေးမှာ အလွယ်တကူ တွေ့ရနိုင်ပါတယ်။ သူတို့က လမ်းဘေးမှာ ထိုင်ရင် ထိုင် ဒါမှမဟုတ် ရုံကလေးတွေမှာ ထိုင်ကြပါတယ်။ လူနာတွေကို ချက်ချင်းကုသပေးပါတယ်။

အစိုးရရဲ့ အဆိုအရ ပါကစ္စတန်တ၀ှမ်းမှာ ရမ်းကုလို့ခေါ်တဲ့ ဆရာဝန်အတုတွေ ၆ သိန်းလောက် ဆေးကုတဲ့ အလုပ်ကို လုပ်နေကြတယ်လို့ ဆိုပါတယ်။

သူတို့က သူတို့တွေဟာ သွားရောဂါတွေကနေ သေနိုင်တဲ့ရောဂါတွေအထိ ကုသပေးနိုင်တယ်လို့ ဆိုပါတယ်။သူတို့က ခွင့်ပြုထားတဲ့ ဆေးဘက်ဆိုင်ရာ ဘာဘွဲ့မှ မရှိဘဲ လုပ်နေကြတာပါ။

ဆင်းရဲသား အတော်များများကတော့ တကယ့် ဆရာဝန်တွေဆီထက် ရမ်းကုတွေဆီကို ပို သွားချင်ကြပါတယ်။ ပုဂ္ဂလိက ဆေးဝါးကုသမှုတွေနဲ့ ဆေးခန်းတွေကတော့ ငွေကြေးမဆန့်ရင်
ကာ တောင်းတတ်ကြပါတယ်။

အသက် ၅၀ ရှိပြီဖြစ်တဲ့ အာမက်ခန်က ရာဝါလ်ပင်ဒီရဲ့ အစည်ကားဆုံး ရင်ပြင်တခုရဲ့ လူသွားစင်္ကြံပေါ်မှာ ထိုင်နေပါတယ်။ သူက ဒီ နေရာမှာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက လူနာတွေကို ဆေးကု ပေးနေတာပါ။ ခေါင်းကိုက်တာမျိုးကအစ သွားရောဂါတွေအထိ လူနာတွေ ဖြစ်သမျှကို ကုသ ပေးနေတာပါ။

တနေ့ကို လူနာ ၂၀ နဲ့ ၃၀ ကျော် လောက်ကုရတယ်လို့ အာမက်ခန်က ပြောပါတယ်။

“ကျနော်က ဒီ အလုပ်မှာ အတွေ့အကြုံ ရှိပါတယ်။ ကျနော်က နေ့တိုင်း လူနာတွေ ရာချီ ကုပေးနေတာပါ။ အများစုက ကျနော် ကုသပေးပြီးရင် သက်သာသွားခဲ့ကြတာပါပဲဗျာ။ အဲဒီ လို မဟုတ်ရင် သူတို့ ကျနော်ဆီ ဘယ်လာမှာလဲဗျာ။”

ပန်ဂျပ်ပြည်နယ်မှာတော့ ပါကစ္စတန် ဆေးပညာအသင်းရဲ့ အဆိုအရ အရည်အချင်းမှီ ဆရာဝန် ၅ သောင်း ၃ ထောင် ရှိပြီး ရမ်းကုက ၂ သိန်း ၀န်းကျင်လောက်ရှိနေတယ် လို့ ဆိုပါတယ်။

သူတို့ရဲ့ လူနာအများစုက ဆင်းရဲတဲ့မိသားစုတွေက ဖြစ်ပြီး တကယ့်ဆရာဝန်တွေ ဆီ သွားဖို့ မတတ်နိုင်ကြပါဘူး။

ရမ်းကုတွေက အမေရိကန် ၁ ဒေါ်လာလောက်ပဲ တောင်းပြီး ဈေးသက်သာတဲ့ ဆေးတွေကို ပေးတာ ဖြစ်ပါတယ်။

အကြီးတန်းဆရာဝန် ဒေါက်တာ မိုဟာမက် န၀ပ်ဇ်ခိုခါက အဲဒီ ကုသမှုတွေအတွက် စိုးရိမ် တယ်လို့ ပြောပါတယ်။

“သူတို့က အပြစ်မဲ့ ပြည်သူလူထုတွေရဲ့ အသက်နဲ့ ကစားနေကြတာဗျ။ သူတို့မှာ ရောဂါတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ မရှိပါဘူး။ ရောဂါဗေဒလည်း ကျွမ်းကျင်တာမှ မဟုတ်တာဗျာ။ လူနာတွေ တယောက်က တယောက်ဆီ ရောဂါတွေ ကူးစက်သွားရတဲ့ အဓိက အကြောင်းရင်း ဖြစ်တဲ့ ပိုးမသတ်ထားတဲ့ ပစ္စည်းတွေကို သူတို့က သုံးနေကြတာပဲလေ။ အဲဒါဟာ ပါကစ္စတန်မှာ ရောဂါ အများစု ကူးစက်နေရတဲ့ အကြောင်းပဲ ပေါ့ဗျာ။”

၂၀၀၉ ခုနှစ်မှာတော့ တရားရုံးချုပ်က ကျန်မာရေးဝန်ကြီးကို ရမ်းကုတွေကို အရေးယူဖို့ အမိန့် ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ခုထိကတော့ ဘာမှ ဖြစ်မလာသေးပါဘူး။

နောက် ၁ နှစ်မှာတော့ အစိုးရက ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းကို အတည်ပြု ပြဌာန်းပေးခဲ့ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေကို သူတို့ရဲ့ ခရိုင်တွေထဲမှာ ရမ်းကု ကုသမှု အဆုံးသတ်ပစ်ဖို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ရမ်းကုတွေကတော့ မကြာခဏ ဆိုသလို ကျန်းမာရေးဌာန နည်းပါးတဲ့ဒေသတွေမှာ လှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။

ရာဝါလ်ပင်ဒီ ခရိုင်ကျန်းမာရေးဌာနရဲ့ အကြီးအကဲ ဒေါက်တာ အေကေ နီရာဇီက “ကျနော်တို့က အဲဒီ ရမ်းကုတွေကို စပြီး နှိမ်နှင်းနေပါပြီ ဒါပေမယ့် သူတို့က ကျောထောက်နောက်ခံ ကောင်းတယ်ဗျ။ ရမ်းကုနှိမ်နှင်းရေးဥပဒေ ရှိပေမယ့် အကောင်အထည် မဖော်နိုင်ဘူး ဖြစ်နေတယ်။ ဥပဒေအရတော့ ရမ်းကုတွေကို ဖမ်းဆီးထောင်ချမယ် အာမခံ မရဘူး” လို့ ပြောပါတယ်။

ဒါဇင်များစွာ ရှိတဲ့ တရားမ၀င် ဆေးခန်းတွေကတောာ့ အပိတ်ခံလိုက်ရပါပြီ။ ဒါပေမယ့် သူတို့ရဲ့ လုပ်ရပ်ကြောင့် ထောင်ချခံလိုက်ရတဲ့ ရမ်းကုတွေကိုတော့ ပြစရာ ရှားပါသေးတယ်။

အသက် ၄၅ နှစ်ရှိပြီ ဖြစ်တဲ့ မိုဟာမက် ခဇင်းမ်ခန်ကတော့ သူ ရမ်းကု တယောာက်ဆီ သွားခဲ့မိတာကို ခုထိ နောင်တရနေဆဲပဲလို့ ပြောပါတယ်။

“ကျနော်က ကျနော်အိမ်နားက ရမ်းကုတယောက်ဆီ ကျနော် အဖျားရောဂါကို ကုဖို့ သွားခဲ့မိတယ်ဗျ။သူက ကျနော်ကို ဆေးတခုခု ထိုပေးခဲ့တယ်လေ။ ခုတော့ ကျနော် အသည်းရောင်ရောဂါ ရနေပြီပေါ့ဗျာ။ ခုတော့ ကျနော်က ဒီ သေနိုင်တဲ့ရောဂါကို ကုသမှု ခံနေရတော့တာပေါ့။ ဒါဟာ ကျနော်အတွက် နောက် ဘယ်တော့မှ ရမ်းကုတယောက်ဆီ မသွားဖို့အတွက် သင်ခန်းစာပဲပေါ့ဗျာ။ သူတို့တွေက သေသွားနိုင်တယ်နော်။”

မာလစ် အယုဘ်ဆမ်ဘဲလ်က အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် ပါကစ္စတန်နိုင်ငံ ရာဝါလ်ပင်ဒီမြို့ကနေ သတင်းပေးပို့ ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013