DVB Logo
Home
မြန်မာသတင်း
ဆိုင်ကလုန်းမုန်တိုင်း “ယာစ်(Yaas)” ၂၄ နာရီအတွင်း ပိုမို အားကောင်းလာနိုင်
DVB
·
May 24, 2021
ဆိုင်ကလုန်းမုန်တိုင်း “ယာစ်(Yaas)”  ၂၄ နာရီအတွင်း ပိုမို အားကောင်းလာနိုင်
Donate to DVB

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)ဟာ  သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic strom) “ယာစ်(Yaas)” အဖြစ်သို့ ရောက်ရှိခဲ့တယ်လို့ မိုးဇလဌာနက ဒီနေ့ မေလ ၂၄ ရက် မနက်မှာ ထုတ်ပြန်ပါတယ်။ 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းဟာ  မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်မြောက်ဘက် ရေမိုင် (၂၅၀)မိုင်ခန့် ၊ ပုသိမ်မြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် (၂၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်မြို့ရဲ့  အရှေ့တောင်ဘက် ရေမိုင် (၂၉၀)မိုင်ခန့်နဲ့ ဒီဂါ(Digha)မြို့ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင်(၃၃၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ခန့်မှန်းထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း “ယာစ်(Yaas)”ရဲ့ လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့ အဝါရောင် အဆင့် သတ်မှတ်ထားပြီး မုန်တိုင်း ဗဟိုချက်လေဖိအား (၉၉၂) ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၅၅)မိုင်နှုန်းဖြစ်တယ်လို့ဆိုပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း “ယာစ်(Yaas)”ဟာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာကာ နောက် ၂၄ နာရီအတွင်းအား ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic strom)“ယာစ်(Yaas)”အဖြစ်သို လည်းကောင်း၊  နောက်(၄၈)နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm)“ယာစ်(Yaas)”အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ယနေ့မနက်မှ နောက်(၄၈)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက် မိုးကြီးခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။

မုတ္တမကွေ့၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမှာဖြစ်ကာ  မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ သင်္ဘောတွေ ကြိုတင် သတိပြုနိုင်ဖို့ မိုးဇလက  အသိပေးနှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013