DVB Logo
Home
Lead Story
အီးယူအကူညီ ပြည်သူ တိုက်ရိုက်အကျိုးရှိမည် – ဒေါက်တာကံဇော်
DVB
·
November 16, 2013
အီးယူအကူညီ ပြည်သူ တိုက်ရိုက်အကျိုးရှိမည် – ဒေါက်တာကံဇော်
Donate to DVB

ရန်ကုန်မြို့မှာ နိုဝင်ဘာ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပထမဆုံးအကြိမ် အီးယူနဲ့ မြန်မာ Task Force ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအတွက် နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အီးယူဘက်က အကူအညီပေးဖို့ ပြောဆို ဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို နိုဝင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အထိ ၃ ရက်ကြာ ရန်ကုန်နဲ့ နေပြည်တော်မြို့တော်တွေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အီးယူနဲ့ မြန်မာအစိုးရပိုင်းဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်တွေ အပါအ၀င် စီးပွားရေးလုပ်ငန်းရှင် အယောက် ၄၀၀ ကျော် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

[caption id="attachment_46558" align="alignright" width="217"]ဒေါက်တာကံဇော် ဒေါက်တာကံဇော်[/caption]

ဒါကြောင့် ဒီဆွေးနွေးမှုကနေ  ဥရောပသမဂ္ဂ (အီးယူ)အဖွဲ့က မြန်မာနိုင်ငံကို ပေးမယ့် အကူအညီတွေဟာ ပြည်သူတွေကို တိုက်ရိုက် အကျိုးရှိစေပြီး ဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေတဲ့ အကူအညီမျိုးတွေပါလို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ ကုန်သည်အသင်းချုပ်ရုံးမှာ နိုဝင်ဘာ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ဒေါက်တာကံဇော်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

အီးယူ-မြန်မာ Task Force ကနေပြီး မြန်မာနိုင်ငံအတွက် ဘယ်လို ရလဒ်တွေ ထွက်လာမယ်လို့ မျှော်လင့်လဲ။

“အီးယူ-မြန်မာ Task Force ကနေပြီး ကျနော်တို့ မြန်မာနိုင်ငံကို အရင်က ၂၀၁၂-၁၃၊ ၂၀၁၃-၂၀၁၄ ၂ နှစ်ပေါင်းကို ယူရို သန်း ၁၅၀ ပေးထားတာ ရှိပါတယ်။ အဓိကအားဖြင့် ပညာရေးကို ပေးပါတယ်။ နောက် စိုက်ပျိုးရေးနဲ့ အစားအစာ ဖူလုံရေး၊ နံပါတ် ၃ ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ့။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုတာက ငြိမ်းချမ်းရေး ရပြီးတဲ့အခါမှာ ဘယ်လို ထူထောင်မလဲဆိုတာရယ်၊ နောက် Good Governance အတွက် Capacity Building တွေ ပေးပါတယ်။ အထူးသဖြင့် အီးယူကပေးတဲ့ဟာတွေမှာ ဖွံ့ဖြိုးမှုကို တိုက်ရိုက်ရှိစေပြီးတော့ တကယ့်ကို ပြည်သူတွေကို တိုက်ရိုက်ရရှိစေတဲ့ အကူအညီတွေ ဖြစ်ပါတယ်။

"အထူးသဖြင့် ပညာရေးဆိုရင်လည်း ပညာရေးစနစ်မှာ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ပညာသင်တွေပေါ့။ ကျနော်တို့က အီးယူနဲ့ ပညာသင်နေရတာ အနှစ် ၂၀ လောက် ရှိပါပြီ။ ဒီဟာတွေကို ပြန်ပြီး ပညာသင်ရခြင်းအားဖြင့် လက်ရှိ လိုအပ်နေတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးမှာ လိုအပ်နေတယ်လို့ ပြောကြတဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးလာမယ့် အခြေအနေ၊ နောက် တက္ကသိုလ်ရော၊ အခြေခံပညာရောမှာ ရှိတဲ့ ဆရာ၊ ဆရာမများ အရည်အသွေးမြင့်မားရေးနဲ့ သူတို့ အရည်အသွေး မြင့်မားလာခြင်းအားဖြင့် သူတို့က ပြန်လည်မွေးထုတ်လိုက်မယ့် နောက်မျိုးဆက်တွေ ပြန်ပြီး မြင့်မားလာဖို့ ပေးနေတာ တွေ့ရပါတယ်။ လာမယ့် ၂၀၁၄-၁၅ မှာလည်း ၂၀ ရာခိုင်နှုန်း တိုးပြီး ထပ်ပေးဖို့ ကျနော်တို့ ဆောင်ရွက်လျက် ရှိပါတယ်။ သူတို့ ဆောင်ရွက်နေတာနဲ့ သူတို့ရဲ့ စံနမူနာ စံတွေနဲ့ မူတွေကတော့ ကျနော်တို့ နိုင်ငံရဲ့ ဖွံ့ဖြိုးရေး ကျနော်တို့ ဦးစားပေးနေတဲ့ ကဏ္ဍတွေကိုပဲ သူက ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးစီမံကိန်း အစီအစဉ်တွေနဲ့ ပတ်သက်လို့ ကျနော်တို့က ဦးဆောင်သူ ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ ဦးဆောင်မှုကိုပဲ အီးယူက လိုက်ပြီး ဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ်။”

အီးယူ-မြန်မာ စီးပွားရေး ဆက်သွယ်ဆောင်ရွက်ချက်တွေက လမ်းစပွင့်လာပြီ။ ဒီ Process အပေါ်မှာ ဘယ်လိုသွားမလဲဆိုတာ ပြောပြပေးပါ။

“အီးယူ-မြန်မာ လမ်းစပွင့်လာပြီဆိုတော့ မြန်မာရဲ့ ပို့ကုန်တွေ ဥရောပကို ပို့လာနိုင်မှာပေါ့။ ယခင်တုန်းကတော့ စီးပွားရေး ပိတ်ဆို့ထားတဲ့အတွက် ဥရောပကို မပို့နိုင်ဘူး။ ကျနော်တို့ဆီမှာရှိတဲ့ ပို့ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေအနေနဲ့ကတော့ အီးယူအရည်အသွေးကို မီအောင် လိုက်လုပ်ရမှာပေါ့။ အီးယူအရည်အသွေး မီအောင် လုပ်ခြင်းသည် ကျနော်တို့ နိုင်ငံရဲ့ ထုတ်လုပ်မှု ကုန်စည်တွေ အရည်အသွေး တက်လာမယ်။ ဈေးကွက် ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေလည်း တက်လာမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က အာဆီယံ စီးပွားရေးအသိုက်အ၀န်း ၂၀၁၅ နဲ့ အာဆီယံ လွတ်လပ်သော စီးပွားရေးဒေသ ဖြစ်လာတော့မှာဆိုတော့ ကျနော်တို့ဆီမှာ တချို့က ၀င်လာမယ့် ကုန်စည်တွေကို ပြိုင်နိုင်ပါ့မလား၊ ကိုယ့်ကုန်စည်တွေက အရည်အသွေး ပြည့်ပါ့မလား စိုးရိမ်နေကြတယ်။ အခု အခွင့်အလမ်းပွင့်လာပြီဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ပွင့်လာတဲ့အခွင့်အလမ်းကို မီအောင်လုပ်ဖို့ လူတွေရော၊ ကုမ္ပဏီတွေရော၊ ပုဂ္ဂလိက လုပ်ငန်းတွေရော ကြိုးစားလာမှာပဲ။ ကြိုးစားလာခြင်းဟာ ကျနော်တို့ရဲ့ အရေအတွက်ကနေ အရည်အသွေးကို ပြောင်းလဲတဲ့စနစ်မှာ ဒါဟာ အထောက်အကူ ဖြစ်သွားမှာပဲ။ အချိန်ကာလတွေ ပြောင်းသွားတာနဲ့အမျှ အရည်အသွေး တိုးတက်မှုတွေ ရှိလာပြီးတော့ ကျနော်တို့နိုင်ငံရဲ့ ထွက်ကုန်တွေကလည်း ပြည်တွင်းနဲ့ ပြည်ပမှာ အရည်အသွေးမီမီ၊ စံမီမီနဲ့ အန္တရာယ်ကင်းကင်း စားသုံးဆောင်ရွက်သွားနိုင်မှာ ဖြစ်သလို နိုင်ငံခြား ၀င်ငွေလည်း တိုးလာမှာပါ။”

အီးယူဘက်ကနေ responsible investment (တာဝန်သိ ရင်းနှီးမြှုပ်နှံမှု) လုပ်ဖို့ဆိုပြီး ပြောထားတာ ရှိပါတယ်။ အီးယူရဲ့ investment က မြန်မာနိုင်ငံမှာ လောလောဆယ် မရှိသေးပါဘူး။ နောက်တခုက Special Economic Zones (SEZs) law နဲ့ ပတ်သက်လို့လည်း ပြောဆိုထားတာ ရှိတယ်။ ဒီနှစ်ချက်အပေါ် အန်ကယ်ရဲ့ အမြင်ပြောပြပေးပါ။

“SEZs ကတော့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ သီလ၀ါကတော့ စနေပြီ။ ထားဝယ်က စနေပြီး တည်ဆောက်မှုလေးတွေ ပြီးနေပါပြီ။ သီလ၀ါဆိုရင် ဒီလကုန်သို့မဟုတ် ဒီဇင်ဘာ လဆန်းမှာ သူတို့ အုတ်မြစ်ချမှာပဲ။ ဒီနှစ်ခုစနေပြီဆိုရင် အီးယူရဲ့ ရင်းနှီးမြှုပ်နှံမှုက ၀င်လာမှာပဲ။ တရုတ်က အများဆုံး နံပါတ် ၁၊ ထိုင်းက ဒုတိယ၊ တတိယကတော့ ဟောင်ကောင်တို့၊ စင်ကာပူတို့၊ ပြီးရင် အင်္ဂလန်ဖြစ်ပါတယ်။ အင်္ဂလန်ရော၊ အီးယူရောက ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေပြီးသားဖြစ်တဲ့အတွက် သူတို့အနေနဲ့က ဘယ်အရာပဲဖြစ်ဖြစ်၊ CSR (Corporate Social Responsibility) က အဓိကပဲ။ CSR မကောင်းဘဲနဲ့ ကျနော်တို့ လက်မခံပါဘူး။ သူတို့သည်လည်း CSR ကို သတိပြုတဲ့ နိုင်ငံတွေ ဖြစ်တဲ့အတွက် CSR နဲ့အညီ ဆောင်ရွက်သွားနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013