DVB Logo
Home
Lead Story
ဗီယက်နမ်ကုန်သည်များ ကျိုက်ထီးရိုးတွင် ကေဘယ်လ်ကား ပြေးဆွဲရေး လုပ်ကိုင်လို
DVB
·
November 16, 2013
ဗီယက်နမ်ကုန်သည်များ ကျိုက်ထီးရိုးတွင် ကေဘယ်လ်ကား ပြေးဆွဲရေး လုပ်ကိုင်လို
Donate to DVB

ကျိုက်ထီးရိုးတောင်ခြေနဲ့ စေတီတော်အထိ ကေဘယ်လ်ကား ပြေးဆွဲရေးလုပ်ငန်း လုပ်ကိုင်လိုကြောင်း ဗီယက်နမ်နိုင်ငံမှ Oman investment Fund အဖွဲ့က မွန်ပြည်နယ် အစိုးရကို ပြောကြားလိုက်ပါတယ်။

In-the-morning-mist-Kyaiktiyo-Pagoda-looks-spectacular-622x428ဒီအဖွဲ့ဟာ မွန်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် လာရောက်တာဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်နေ့က မွန်ပြည်နယ်အစိုးရ ၀န်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ကြောင်း ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

ဆွေးနွေးပွဲမှာ ဗီယက်နမ်အဖွဲ့ရဲ့ အကြီးတန်းအကြံပေး Mr.Truong Hoanof son က ကျိုက်ထီးရိုးတောင်ခြေနဲ့ စေတီတော်အထိ ကေဘယ်လ်ကား ပြေးဆွဲရေးနဲ့ မွန်ပြည်နယ်အတွင်း စက်ရုံများ တည်ဆောက်လုပ်ကိုင်လိုကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ကေဘယ်လ်ကား ပြေးဆွဲမယ်ဆိုရင် ဂေါပကအဖွဲ့တွေနဲ့ ဆွေးနွေးပြီး အသေးစိတ် ပြန်တင်ပြဖို့၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်လိုကြောင်း၊ စက်ရုံတွေ တည်ဆောက်မယ်ဆိုရင်လည်း သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနတွေနဲ့ ဆက်သွယ် လုပ်ကိုင်နိုင်ကြောင်းနဲ့ မွန်ပြည်နယ်အစိုးရအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိရင် ကူညီသွားမယ့်အကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013