DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးမြို့ မြန်မာ့စီးပွားရေးဘဏ်အနီး ဗုံးပေါက်ကွဲ
DVB
·
May 23, 2021
တောင်တွင်းကြီးမြို့ မြန်မာ့စီးပွားရေးဘဏ်အနီး ဗုံးပေါက်ကွဲ
Donate to DVB

တောင်တွင်းကြီးမြို့ မြန်မာ့စီးပွားရေးဘဏ်အနီးမှာ ဒီနေ့ ည ၇ ခွဲလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

"ဗုံးပေါက်ကွဲတာ ဟုတ်ပါတယ်။ စီးပွားရေးဘဏ်ရှေ့က စစ်သားတွေစောင့်တဲ့နေရာကို လက်ပစ်ဗုံးနဲ့အပစ်ခံရတယ်လို့ ယူဆရတာပေါ့။ အသေအပျောက် အပျက်အစီးစာရင်း အတိအကျကိုတော့ မသိရသေးဘူး။ အခြေအနေကတော့ ဆိုးလောက်တယ်” လို့ စီးပွားရေးဘဏ်နဲ့နီးစပ်သူက DVB အတည်ပြုပြောကြားပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပြီးကတည်းက စစ်သားတွေဟာ စီးပွားရေးဘဏ်အနီးက လမ်းပေါ်သွားလာနေတဲ့ ပြည်သူတွေကို သေနတ်နဲ့လိုက်လံပစ်ခတ်နေတာတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တောင်တွင်းကြီးမြို့မှာ အခု ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဟာ စစ်အာဏာသိမ်းပြီး ပထမဆုံးအကြိမ် ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013